DVB Logo
Home
မြန်မာသတင်း
ရခိုင်တက္ကသိုလ်ကျောင်းသား ၃ ဦးအာမခံဖြင့် ပြန်လွတ်လာ
DVB
·
September 23, 2020
ရခိုင်တက္ကသိုလ်ကျောင်းသား ၃ ဦးအာမခံဖြင့် ပြန်လွတ်လာ
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ အစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒဖော်ပြခဲ့တဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကျောင်းသား ၃ ဦး စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက  စစ်တွေမြို့နယ်တရားရုံးကနေ အာမခံနဲ့ ပြန်လွတ်လာပါတယ်။

ပြန်လွတ်လာသူတွေကတော့ စစ်တွေကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်၊ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနဲ့ စစ်တွေကွန်ပျူတာတက္ကသိုလ်က ပြန်ကြားရေးတာဝန်ခံ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။

သူတို့ ၃ ဦးဟာ  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ- ၂၅ နဲ့ စွဲချက်မတင်မီ လွတ်မြောက်လာခဲ့ပေမယ့် ငြိမ်းစုစီဥပဒေ ပုဒ်မ- ၁၉ နဲ့ စွဲချက်တင်ခံရတာဖြစ်လို့  အာမခံရရှိခဲ့တာဖြစ်ပြီး  ပြင်ပကနေ အမှုကို ဆက်လက်တရား ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ရခိုင်ကျောင်းသား ၃ ဦးဟာ စက်တင်ဘာ ၉ ရက်က  စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ “ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ၊ သွေးစွန်းတဲ့အစိုးရအလိုမရှိ၊ လူသတ်စစ်တပ် အလိုမရှိ၊ ပြည်နယ်အစိုးအားအလိုမရှိ၊ 4G အင်တာနက်ပြန်လည်ရရှိရေး” စတဲ့ အချက်တွေကို တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo - Morn Hteet / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013