DVB Logo
Home
မြန်မာသတင်း
ကျပ်ငွေတန်ဖိုးကျမှု ကွန်ပျူတာနှင့် မိုဘိုင်းပစ္စည်း ဈေးတက်
DVB
·
July 2, 2013
ကျပ်ငွေတန်ဖိုးကျမှု ကွန်ပျူတာနှင့် မိုဘိုင်းပစ္စည်း ဈေးတက်
Donate to DVB

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေမှုကြောင့် ပြည်ပက တင်သွင်းရတဲ့ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေနဲ့ မိုဘိုင်းဖုန်းဈေးနှုန်းတွေပါ ဆက်တိုက်မြင့်တက်လာနေပါတယ်။

မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာ ၁ ဒေါ်လာကို ကျပ် ၁ ထောင်ဝန်းကျင် မြင့်တက်သွားတာကြောင့်   ပြည်တွင်းက ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းဆက်စပ် ပစ္စည်းတွေရဲ့ နှုန်းထားတွေ လိုက်တက်နေတာပါ။

စားပွဲတင် ကွန်ပျူတာတွေအပြင် လက်ပ်တော့လို သယ်ဆောင်သွားနိုင်တဲ့  ကွန်ပျူတာပစ္စည်းတွေလည်း ပျမ်းမျှ ဈေးနှုန်း ၂ သောင်းကျော်လောက် တက်နေပါတယ်။

အဲ့ဒီထဲကမှ ပြည်တွင်းမှာလူသုံးများတဲ့ အေဆာ(Acer)၊ လီနိုဗို(Lenovo)နဲ့ အမ်အက်စ်အိုင်(MSI) အမှတ်တံဆိပ် ကွန်ပျူတာတွေရဲ့ အရင်နဲ့ အခု လက်ရှိဈေး ကွာဟချက်က မြန်မာကျပ်ငွေ ၃ သောင်းကနေ ၄ သောင်းဝန်းကျင်လောက် ရှိနေပါတယ်။ မြင့်တက်လာတဲ့နှုန်းဟာ ပျမ်းမျှသာဖြစ်ပြီး ရောင်းချတဲ့ ဆိုင်တဆိုင်နဲ့ တဆိုင် ဈေးကွာဟချက်က ထောင်ဂဏန်းလောက် ရှိနေပါတယ်။

ဈေးနှုန်းမြင့်တက်လာမှုကြောင့် ကွန်ပျူတာဈေးကွက်မှာ  တဦးချင်းဝယ်လိုအား ကျဆင်းနေပေမယ့် စီးပွားရေးလုပ်ငန်းတွေရဲ့  ဝယ်လိုအားကတော့ ကျဆင်းသွားတာမရှိဘူးလို့ ကေအမ်ဒီကွန်ပျူတာလုပ်ငန်းစုက အထွေထွေမန်နေဂျာဖြစ်တဲ့ ဦးစိုးငွေရက ပြောပါတယ်။

အမေရိကန်ဒေါ်လာဈေးတက်တဲ့ ဂယက်ကြောင့် မိုဘိုင်းဖုန်းတွေလည်း ဈေးတက်သွားပါတယ်။

နာမည်ကြီး အဲလ်ပန်(Apple) ထုတ်ကုန်ဖြစ်တဲ့ အိုင်ဖုန်း (iPhone)နဲ့ အိုင်ပတ်(iPad) လို နည်းပညာမြင့်ပစ္စည်းတွေကတော့  ဒီရက်ပိုင်းလောက်မှာပဲ သိသိသာသာ ဈေးတွေတက်လာခဲ့တယ်လို့ Apple အမှတ်တံဆိပ် ထုတ်ကုန်တွေကို တင်သွင်းရောင်းချတဲ့ အိုင်မိုးရှင်း မိုဘိုင်းလုပ်ငန်းက ဦးတည်ကြည်က ပြောပါတယ်။

လက်ရှိ လူကြိုက်များနေတဲ့ နောက်ဆုံးထွက် iPhone 5 ရဲ့ ပြီးခဲ့တဲ့ ၁ လ ကျော် ရောင်းဈေးက ကျပ် ၆ သိန်း ၇ သောင်းရှိခဲ့ပေမယ့် အခုဆိုသူ့ရဲ့ဈေးကကျပ် ၆ သိန်း ၉ သောင်း ၅ ထောင်ပါ။ သူ့လိုပဲ သင်ပုန်းကွန်ပျူတာအမျိုးအစားဖြစ်တဲ့ iPad မီနီရဲ့ဈေးနှုန်းဟာ ကျပ် ၃ သိန်း ၆ သောင်းကနေ ၃ သိန်း ၈ သောင်းလောက်အထိ တက်လာတာပါ။

အခုလို တယ်လီဖုန်းဈေးတွေ မြင့်တက်လာတာဟာ ဒေါ်လာဈေး တက်လာတဲ့အရှိန်ကြောင့်ချည်း မဟုတ်ဘဲ ပြည်တွင်းမှာ စမတ်ဖုန်းတွေ ခေတ်စားလာပြီး ၀ယ်လိုအား များလာတာကြောင့်လည်း ပါတယ်လို့ တယ်လီဖုန်းအရောင်းဆိုင် အသိုင်းအ၀ိုင်းက သိရပါတယ်။
ဒေါ်လာဈေး တက်လာတဲ့ဂယက်ကြောင့် အချိန်အတော်ကြာအထိနာခဲ့တဲ့ ပို့ကုန်သမားတွေအတွက် တွက်ခြေကိုက်နေပေမယ့်  သွင်းကုန်သမားတွေ အခက်တွေ့နေပြီး အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ့် အလားအလာနဲ့ ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013