DVB Logo
Home
မြန်မာသတင်း
ဝေဠုကျော်ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက်လူနာတင်ကား အလှူခံ
DVB
·
September 22, 2020
ဝေဠုကျော်ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက်လူနာတင်ကား အလှူခံ
Donate to DVB

       ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တဖွဲ့ဖြစ်တဲ့ သရုပ်ဆောင်မင်းသား ဝေဠုကျော် တည်ထောင်ထားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်နေတဲ့ လူနာတင်ကားတွေ အလှူခံနေပါတယ်။

       လတ်တလော တကျော့ပြန်ကူးစက်ပျံ့နှံ့မှုတွေ များပြားလာနေတဲ့ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကာလမှာ ရန်ကုန်တိုင်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အဆိုးဝါးဆုံး အ ခြေအနေမှာ ရှိနေပြီး ပိုးတွေ့လူနာနဲ့ လူနာတင်ကား မလုံလောက်တဲ့ ပြဿနာတွေနဲ့ လို အပ်ချက်တွေ ရှိလာခဲ့တာလို့ ဆိုပါတယ်။

       “ရန်ကုန်မှာ တနေ့ထက် တနေ့ ပိုးတွေ့လူနာတွေ များလာတာနဲ့အမျှ ကျနော် တို့အသင်းတွေရဲ့ ကားတွေ မလုံလောက်တော့ပါဘူး။ ရှိနေတဲ့ကားထဲက သေဆုံးသွားတဲ့ လူတွေအတွက်လည်း လိုလာပြီမို့ သီးသန့် သပ်သပ် ထားရတော့မှာပါ။ လာရောက် ပူးပေါင်းတဲ့ အသင်းတွေကလည်း ရိုးရိုးလူနာနဲ့ သပ်သပ်စီ ခွဲထားရလို့ လူနာတင်ကားတွေ လိုလာပါတယ်။ အခုချိန် ဆေးရုံဆင်းသည့် သူများမှာလည်း နယ်ပြန်ဖို့ လူနာတင်ကားတွေနဲ့ ပြန်မှ ရမယ့်အခြေအနေပါ။ ဒါကြောင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် လို အပ်နေသော လူနာတင်ကားများ အလှူခံလိုပါတယ်”

တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်း အထိကိုဗစ်-၁၉ အတည်ပြုလူနာ ၆,၄၇၁ ယောက်နဲ့ သေဆုံးသူပေါင်း  အယောက် ၁၀၀ ရှိနေခဲ့တာ ဖြစ်ပါတယ်။

     ဝါရင့်ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဝေဠုကျော်ဟာ ဝေဠုကျော်ဖောင်ဒေးရှင်းကို ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူမှုအကျိုးပြု ကယ်ဆယ်ရေး လုပ် ငန်းတွေ၊ ပရဟိတအလုပ်တွေကို အားတတ်သရော ပါဝင်လှုပ်ရှားနေသူတဦး ဖြစ်ပါတယ်။

       လတ်တလောမှာတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ တဖက်တလမ်းကနေ ထောက်ပံ့ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။ လူနာတင် ကားအလှူနဲ့ပတ်သက်လို့လည်း “တယောက်ကို ၁၀၀၀ ကျပ်စီ ဝိုင်းထည့်ကြရင်တောင် လူ ၇၀၀၀ ယောက်ဆို လူနာတင်ကားတစီး ပစ္စည်းစုံနဲ့ ရပါတယ်။ ဝိုင်းဝန်းလှူ ပေးကြပါအုံးဗျ”လို့ နှိုးဆော်ထားခဲ့ကာ အဲဒီပို့စ်အောက်မှာလည်း လှူဒါန်းသူတွေ ရှိနေခဲ့ တာကို တွေ့ရပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ အောက်ဖော်ပြပါ ဝေဠုကျော်ရဲ့ နေအိမ်လိပ်စာ၊ ဘဏ် အကောင့်တွေကတဆင့် လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

-----------------------

အမှတ် ၂၃၇ ၊ကံ့ကော်မြိုင် ၂လမ်း ၊ ၂၃ရပ်ကွက် ၊

VIP 1 ၊သုဝဏ္ဏ ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

( ရေစက် မှတ်တိုင် အနီး )

 09-4 555 000 10(K Pay)(U Soe Thein)(CB Pay)

09-4 555 000 14

09-4 555 000 12 (Wave Money account)

09-77 60 89 484 (Wave Money account)

09-77 60 89 484(K pay)(Daw Shwe Sin Thein)

 *****************************

 ဘဏ်မှ ထည့်ဝင်လှုဒါန်းလိုသူများအတွက်

 ဦးစိုးသိမ်း

12/သကတ (နိုင်) 011 519

 KBZ ဘဏ်(သုဝဏ္ဏဘဏ်ခွဲ-1)

078 30 120 600 13 7001

 မြန်မာ့ရှေ့ဆောင်ဘဏ် (သုဝဏ္ဏဘဏ်ခွဲ)

045 01 31 04 500 11 83 045

 ဧရာဝတီဘဏ် (သုဝဏ္ဏဘဏ်ခွဲ)

004 522 30 1000 66 00

 CB Bank (သုဝဏ္ဏဘဏ်ခွဲ)

00 78 600 1000 25 739

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013