DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၃ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၃ လစီချမှတ်
DVB
·
September 22, 2020
ရွှေဘိုတွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၃ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၃ လစီချမှတ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမှာ ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၃ ဦးကို စက်တင်ဘာ ၂၁ ရက်က အလုပ်နဲ့ထောင်ဒဏ် ၃ လစီချမှတ်လိုက်တယ်လို့ ရွှေဘိုမြို့မစခန်းမှူး ဒုရဲမှူး သိန်းဆန်းဦးက ပြောပါတယ်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ည ၁၂ နာရီမှ နောက်နေ့ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ဖောက်ဖျက်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့ညပိုင်းက ရွှေဘိုမြို့ အမှတ် ၃ ရပ်ကွက် ရန်ကြီးအောင်လမ်းအနီး ရထားသံလမ်းမှာ အရက်ဝိုင်းဖွဲ့ သောက်နေသူ ၃ ဦးကို ဖမ်းဆီးအရေးယူခဲ့တာပါ။

ညမထွက်ရအမိန့်ဖောက်ဖျက်ပြီး အရက်ဝိုင်းဖွဲ့သောက်တဲ့ မိုးမင်းဦး (၁၉ နှစ်)၊ အောင်ဟိန်းခန့် (၂၂ နှစ်)နဲ့ ဝေလင်းဦး (၁၉ နှစ်) တို့​ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းက တရားဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားတဲ့အတွက် ရွှေဘိုမြို့မရဲစခန်းက မျိုးမင်းဦးပါသုံးဦးကို အမှုဖွင့်ပြီး တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ရွှေဘိုမြို့နယ် တရားသူကြီးက ဒီအမှုကိုလက်ခံစစ်ဆေးခဲ့ပြီး မျိုးမင်းဦး အပါအဝင်  သုံးဦးကို ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ အလုပ်နဲ့ ထောင်ဒဏ် ၃ လ စီချမှတ်လိုက်တာဖြစ်ပါတယ်။

ရွှေဘိုမှာ စက်တင်ဘာလ ၁၃ ရက်ကလည်း ညမထွက်ရအမိန့်မလိုက်နာသူ ၂၀ ဦးကို ဖမ်းဆီး အရေးယူခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

ရွှေဘိုမြို့မှာ အခုတပတ်အတွင်းနှာခေါင်းစည်း Mask မတပ်သူ ၃၅ ဦးကို အရေးယူခဲ့တယ်လို့လည်း စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း - ချိုသဲကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013