DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာမြို့နယ်၌ ဒုတိယမြောက် ကိုဗစ်-၁၉ လူနာ ၁ ဦးတွေ့ရှိ
DVB
·
September 21, 2020
လေးမျက်နှာမြို့နယ်၌ ဒုတိယမြောက် ကိုဗစ်-၁၉ လူနာ ၁ ဦးတွေ့ရှိ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ စက်တင်ဘာ ၂၀ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့တဲ့လူနာ ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိပါတယ်။

လေးမျက်နှာမြို့နယ် ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုလှိုင်က "မနေ့က အဖြေထွက်တာပေါ့။ လူနာက မုဒုံပြန်ပါ၊ လေးမျက်နှာ အ.ထ.ကမှာ Facility Quarantine ထားရှိသူပါ။ လူနာကို ဟင်္သာတပြည်ဆေးရုံကို ပို့ပြီး ကုသမူပေးမှာပါ။ ခုတစ်ဦးနဲ့ဆိုရင် လေးမျက်နှာမြို့နယ်မှာ ရောဂါပိုးတွေ့သူ နှစ်ဦးရှိပါပြီ"လို့ ဒီဗွီဘီကို ပြောပါတယ်။

လေးမျက်နှာမြို့နယ်ကို ရောဂါပိုးတွေ့တဲ့ဒေသနဲ့ Stay at Home သတ်မှတ်ထားတဲ့ ဒေသက ပြန်လာရင် သက်ဆိုင်ရာဒေသအလိုက်ထားရှိတဲ့ Facility Quarantine Center မှာ ၂၁  ရက် အသွားအလာ ကန့်သတ်ထားရှိမှာ ဖြစ်ပါတယ်။ 

လေးမျက်နှာမှာပထမဆုံး ပိုးတွေလူနာကတော့ ရန်ကုန်ကြည်မြင့်တိုင်က ပြန်လာသူပါ။  ပထမဆုံးလူနာကတော့ ခရီးသွားရာဇဝင်ကို ဖြူးကပြန်တယ်ဆိုပြီး လိမ်ညာပြောသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပထမဆုံးပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့တဲ့ ကျန်မာရေးဌာနကဝန်ထမ်းတွေရော သူရဲ့မိခင်ပါ Negative အဖြေထွက်ရှိခဲ့ပါတယ်။

ဟင်္သာတခရိုင်အတွင်းမှာ ဟင်္သာတက ၁ ဦး၊ လေးမျက်နှာက  ၂ ဦး၊ အင်္ဂပူက  ၁ ဦး၊ ကြံခင်းက ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားပြီး ကြံခင်းက လူနာကတော နေပြန်ကောင်းလို့  ဆေးရုံက ဆင်းသွားပါပြီ။

ဟင်္သာတပြည်သူ့ဆေးရုံမှာ ဓနုဖြူမြို့နယ်ကနှစ်ဦးနဲ့ ခရိုင်အတွင်းက ၅ ဦး စုစုပေါင်း ၇ ဦး ဆေးကုသမူခံယူနေပါတယ်။

ဟင်္သာတခရိုင်အတွင်းရှိ စျေးတွေနဲ့စျေးဆိုင်တွေကို ကိုဗစ်-၁၉ ဖြစ်ပွားမူကာလအတွင်း မနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိသာ ဖွင့်လှစ်ခွင့်ပေးထားပြီး စားသောက်ဆိုင်တွေကိုတော့ ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပြုထားပါတယ်။

သတင်း - သန်းထိုက်မြင့် ၊ ဓာတ်ပုံ - လေးမျက်နှာကျန်မာရေးဦးစီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013