DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့၌  ရန်ကုန်က ပြန်လာသူ ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ 
DVB
·
September 21, 2020
ရွှေဘိုမြို့၌  ရန်ကုန်က ပြန်လာသူ ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ 
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှာ  Facility Quarantine ဝင်နေသူတွေထဲက  အမျိုးသား ၁ ဦးမှာ  ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရွှေဘိုခရိုင် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်က Facility Quarantine ဝင်နေသူ အယောက် ၃၀ ကို ဓာတ်ခွဲနမူနာရယူ  စစ်ဆေးခဲ့ရာ ရန်ကုန်က ပြန်လာတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ပိုးတွေ့ရှိခဲ့တာလို့ ရွှေဘိုခရိုင် ကျန်းမာရေးဦးစီးဌာန၊ ဒုခရိုင် ပြည်သူ့ကျန်းမာရေးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်က ပိုးတွေ့လူနာနဲ့ ကားတစ်စီးတည်း အတူ စီးနင်းလိုက်ပါခဲ့တဲ့  ဇီးတောကျေးရွာက တစ်ဦး၊ ပြည်တွင်း တခြားဒေသတွေက ပြန်လာသူ  ၂၃ ဦးနဲ့ ပြည်ပပြန် ၆ ဦးကို  ဓာတ်ခွဲနမူနာယူစစ်ဆေးခဲ့ရာ စက်တင်ဘာ ၂၀ ရက် ညပိုင်းမှာရရှိတဲ့ ဆေးစစ်ချက် အဖြေအရ  ရန်ကုန်က ပြန်လာတဲ့ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။

ပိုး​တွေ့လူနာဟာ စက်တင်ဘာ  ၁၄ ရက် ညနေ ၄ နာရီလောက်မှာ ရန်ကုန်မှ ငါးတင်လာတဲ့ကားနဲ့အတူ လိုက်ပါလာတာဖြစ်ပြီး သူနဲ့အတူ ရွှေဘိုမြို့နယ် ကံသာကုန်းကျေးရွာ အမျိုးသားတစ်ဦးနဲ့ ကားမောင်းသူ တစ်ဦး  စုစုပေါင်းသုံးဦး ကားပေါ်မှာ အတူ စီးနင်း လိုက်ပါလာခဲ့ တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ ၁၅ ရက် မနက် ၄ နာရီခွဲလောက်မှာတော့  ရွှေဘို- မန္တလေးလမ်း အတိုင်းရေထွက်တိုးဂိတ်အလွန်မှာ ပိုးတွေ့လူနာဟာ  ငါးတင်ကားပေါ်ကနေ ဆင်းပြီး  Light Trackကားပေါ်သို့ တဆင့်ပြောင်းစီးကာ ရွှေဘိုသို့ရောက်ရှိလာခဲ့တာပါ။  ကံသာကုန်းကျေးရွာက အမျိုးသားတစ်ဦးကတော့ ဆိုင်ကယ်နဲ့ ဘကံသာကုန်းကျေး ရွာသို့ပြန်ခဲ့တယ်လို့ ခရိုင်ကျန်းမားရေးဦးစီးဌာနက ဒေါက်တာဝင်းလဲ့လဲ့ထွေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ  ရေးပါတယ်။

ပိုးတွေ့လူနာဟာ စက်တင်ဘာ ၁၅ ရက် မနက်မှာ ရွှေဘိုတက္ကသိုလ်မှာ Facility Quarantine ဝင်ရောက်ခဲ့ပြီး အခု positive အဖြေထွက်တဲ့အတွက် ပိုးတွေ့ လူနာကို ရွှေဘိုသူနာပြုနဲ့ သားဖွားသင်တန်းကျောင်း ယာယီဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ပေးနေပါတယ်။ 

ပိုးတွေ့သူနဲ့ထိစပ်မှုရှိခဲ့တဲ့ ရွှေဘိုဘူတာက မိသားစုဝင် ၅ ဦး၊ ညောင်ပင်သာက နေအိမ်မှာ အလည် ရောက်ရှိနေသူတစ်ဦး၊ သူနဲ့ကားအတူစီးလာသူ ကံသာကုန်းကျေးရွာက တစ်ဦးတို့ကို ရွှေဘို facility Quarantine စင်တာမှာ အသွားအလာ ကန့်သတ်ထားရှိပါတယ်။

ဒါ့အပြင်  ပိုးတွေ့လူနာ စီးလာတဲ့ ငါးတင်ကားဟာ ဘူတာရပ်ကွက်ရှိ ငါးဒိုင်ကြီးတစ်ခုမှာ  ငါးချတဲ့အတွက် ငါးဒိုင်က မိသားစုနဲ့ အလုပ်သမား ၁၅ ဦးကိုလည်း  Home Quarantine ထားရှိပြီး ဖြစ်ကြောင်း ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။

လက်ရှိအချိန်အထိ ရွှေဘိုမြို့ရှိ  Facility Quarantine မှာ ကွာရန်တင်းဝင်နေသူစုစုပေါင်း ၅၇ ဦးရှိတယ်လို့ စင်တာတာဝန်ခံ ဦးစိုးမြင့်အောင်က ပြောပါတယ်။

သတင်း - ချိုသဲကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013