DVB Logo
Home
မြန်မာသတင်း
ဓာတ်မြေဩဇာနှင့်မျိုးစပါး အတိုးမဲ့ အကြွေးစနစ်ဖြင့် ရောင်းချ
DVB
·
July 1, 2013
ဓာတ်မြေဩဇာနှင့်မျိုးစပါး အတိုးမဲ့ အကြွေးစနစ်ဖြင့် ရောင်းချ
Donate to DVB

ဒီနှစ်စိုက်ပျိုး ရာသီမှာ လယ်သမားတွေအဆင်ပြေဖို့ မြန်မာနိုင်ငံဆိုင်ရာ တောင်သူလယ် သမားအသင်းကနေပြီး  ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက  လယ်သမားတွေအတွက် အတိုးမယူဘဲ အကြွေးစနစ်နဲ့ ရောင်းချ ပေးနေပါတယ်။

မျိုးစပါးနဲ့ ဓာတ်မြေဩဇာကို ၆ လဆိုင်းစနစ်နဲ့  အတိုးမယူဘဲ ရောင်းချတာဖြစ်ပြီး ခုလို ရောင်းချရတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း (ယာယီ) ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက အခုလို ရှင်းပြပါတယ်။

“အဓိကက လယ်သမားတွေအတွက် သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာတို့၊ ငွေကြေးတို့၊ မျိုးစပါးတို့က လုံလောက်မှုမရှိဘူး။ နိုင်ငံတော်က ထောက်ပံ့တဲ့ ချေးငွေတွေလည်း မရသေးတော့ တချို့မြို့နယ်တွေမှာ ချေးငွေမရသေးလို့ မလုပ်နိုင်သေးတဲ့ လယ်သမားတွေ ရှိတယ်။ သူတို့တွေကို အဆင်ပြေအောင် မျိုးစပါးနဲ့ ဓာတ်မြေဩဇာ။ မျိုးစပါးက ၁၂ မျိုး ကြိုက်တဲ့အမျိုး ရွေးယူနိုင်တယ်၊ ၆ လဆိုင်း စနစ်နဲ့ပေးတာပေါ့။”

ရောင်းချပေးတဲ့ ဓာတ်မြေဩဇာတွေဟာ အင်ဒိုနီးရှားက တင်သွင်းတာဖြစ်ပြီး တအိတ်ကို ကျပ် ၂ သောင်းနှုန်းနဲ့ ရောင်းချတာပါ။ မျိုးစပါးကိုတော့ အမျိုးအစားအလိုက် ဈေးနှုန်းတွေ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် လယ်သမားတွေ လိုအပ်ပါက စက်ပစ္စည်းနဲ့ တခြားအကူညီတွေ ပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း  ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ကျနော်တို့ဆီ တိုက်ရိုက်ဆက်သွယ်လည်း ရတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို ဆက်သွယ်လည်း ရတယ်။ တောင်သူလယ်သမားအသင်းကို ဆက်သွယ်ရင် ကျနော်တို့က သူတို့နဲ့ တွေ့တယ်။ ဒေသမှာရှိတဲ့သူတွေနဲ့ တွေ့ပြီး တကယ် ဘယ်နှဧက စိုက်လဲ၊ ဘာအခက်အခဲ ရှိလဲ။ တကယ် လိုအပ်တာတွေ့ရင် ထောက်ပံ့မှုပေးတယ်။ ပြန်ဆပ်နိုင်တဲ့အနေအထားရှိတယ်၊ တကယ်လုပ်နိုင်တယ်ဆိုရင် ထောက်ခံပေးတယ်၊ အာမခံပေးပါတယ်။ ထွန်စက်ဝယ်တဲ့သူတွေရှိတယ်၊ သူတို့အတွက်လည်း အာမခံပေးပါတယ်။”

တိုင်းနဲ့ပြည်နယ်အတွင်းမှာရှိတဲ့ ဆန်စပါးစိုက်ပျိုးတဲ့ တောင်သူလယ်သမား အများစုဟာ နိုင်ငံတော်က  ချပေးတဲ့ ချေးငွေတွေ နဲ့ မလုံလောက်တာကြောင့် အပြင်က အတိုးကြီးကြီးနဲ့ ချေးယူးစိုက်ပျိုးရတဲ့အတွက် အကြွေးတွေနဲ့နစ်နေပြီး စားဝတ် နေရေးကျပ်တည်းမှုနဲ့ သားသမီးချို့ ကျောင်းမတက်ရတဲ့ အခက်တွေ ရင်ဆိုင်နေရတာပါ။

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်က လယ်သမား ဦးလှသောင်းကတော့ ဒီလို လယ်သမားတွေကို အတိုးမရှိရောင်းချပေးရင်တော့ တောင်သူတွေအတွက် အကျိုးရှိစေမယ်လို့  ပြောပါတယ်။

“သီးနှံပေါ်ရင် ပြန်ဆပ်ဆိုတော့ တောင်သူလယ်သမားတွေအဖို့ အကျိုးရှိတာပေါ့။ အတိုးစနစ်နဲ့ဆိုရင် မခံစားနိုင်ဘူးပေါ့လေ။ အတိုးလွတ်စနစ်နဲ့ ပေးမယ်ဆိုရင်တော့ ခံစားပိုင်ခွင့်ပိုကောင်းတာပေါ့။”

ဓာတ်မြေဩဇာနဲ့ မျိုးစပါး အကြွေးနဲ့ ၀ယ်ယူမယ့် လယ်သမားတွေကို သက်ဆိုင်ရာ တောင်သူ လယ်သမားအသင်းက အာမခံရမှာဖြစ်ပါတယ်။

တောင်သူလယ်သမားတွေအနေနဲ့ လယ်စိုက်ပျိုးဖို့ မျိုးစပါးနဲ့ ဓာတ်မြေဩဇာအခက်အခဲရှိရင် ရန်ကုန်မြို့  အမှတ် (၂၉)၊  မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်မှာ ရှိတဲ့  UMFCCI တာဝါမှာ ဖွင့်ထားတဲ့ အသင်းရုံးမှာ ဆက်သွယ်အကူညီတောင်းနိုင်တယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013