DVB Logo
Home
မြန်မာသတင်း
တာမွေ ကျန်းမာရေးဦးစီးမှူးအပါအဝင် ၉ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
September 20, 2020
တာမွေ ကျန်းမာရေးဦးစီးမှူးအပါအဝင် ၉ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
Donate to DVB

တာမွေမြို့နယ်ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းတစ်ယောက်မှာ စက်တင်ဘာ ၁၁ ရက်နေ့က ကိုဗစ် ၁၉ ရောဂါပိုးတွေ့ခဲ့တဲ့အတွက် ကျန်းမာရေးမှူးအပါအဝင် ဝန်ထမ်း ၉ ယောက်ကို လှိုင် Quarantine စင်တာမှာ ထားရှိပြီး ဓာတ်ခွဲနမူနာယူ စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရဘူးလို့ တာမွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်အေးက ပြောပါတယ်။

“ပထမအကြိမ်စစ်ဆေးမှုရလဒ်က အားလုံး Negative ပါ။ ဒုတိယအကြိမ်ဓာတ်ခွဲနမူနာကို စက်တင်ဘာ ၁၈ ရက် နေ့က ထပ်ယူထားပါတယ်။ အဲဒီရလဒ်ကတော့မသိရသေးပါဘူး။”

တာမွေမြို့နယ်အတွင်း ပိုးတွေ့လူနာနဲ့သံသယလူနာများလာတဲ့အတွက် ကျန်းမာရေးဦးစီးဌာနနဲ့ ရပ်ကွက်နေပြည်သူတွေပူးပေါင်းပြီး စိစစ်မှုတွေဆက်တိုက်ဆောင်ရွက်နေပြီး မြို့နယ်အတွင်း Quarantine စင်တာတွေ ထပ်မံလိုအပ်နေတယ်လို့ ဆိုပါတယ်။

“ထိန်းချုပ်ဖို့ကတော့ Quarantine စင်တာတွေထပ်ဖွင့်ရတယ်။ ဘာကြောင့်လဲဆိုတော့ Quarantine စင်တာ စင်တာတွေ နိုင်နင်းမှုမရှိတဲ့အတွက် ထိတွေ့လမ်းကြောင်းတွေကို ထိန်းနိုင်မှ ထပ်ကူးစက်တာကို အဆက်အသွယ်ဖြတ်နိုင်မှာပေါ့နော်။ လက်ရှိတာမွေ အထက ၁ မှာ Quarantine စင်တာ စင်တာထပ်လုပ်နေပါတယ်” လို့ ဦးအောင်ကျော်အေး ကပြောပါတယ်။

တာမွေမြို့နယ်အတွင်းကစျေးတွေမှာတော့ အစားအသောက်နဲ့ဆေးဝါးကလွဲရင် ကျန်တဲ့ လူသုံးကုန်ပစ္စည်းတွေ ရောင်းချခြင်းမပြုဖို့ စီမံဆောင်ရွက်နေပါတယ်။ 

စက်တင်ဘာ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ တာမွေမြို့နယ်မှာ အတည်ပြုပိုးတွေ့လူနာ ၁၅၇ ဦးအထိ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013