DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ အနုပညာပွဲတော် ကျင်းပမည်
DVB
·
July 1, 2013
Donate to DVB

အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ၂၀၁၃ ကို အောက်တိုဘာ ၁၇ မှ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ အမ်စီစီခန်းမမှာ ကျင်းပမယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှာ အနုပညာပွဲတော်တာဝန်ခံ ဒေါ်ဇင်မာဖြူက ဒီဗွီဘီကို ပြောပါတယ်။

ပွဲတော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်လမ်းညွှန်ကာ မသန်စွမ်းအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပြီး ဂျပန်နိုင်ငံ နိပွန်ဖောင်းဒေးရှင်းက ထောက်ပံ့ ပံ့ပိုးဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။

ဒီပွဲမှာ ပန်းချီ၊ ပန်းပု၊ အက၊ ပြဇာတ်၊ ဆိုင်း၊ အဆို၊ အတီး စတာတွေနဲ့ ဖျော်ဖြေတင်ဆက်မှာဖြစ်ပြီး ရန်ပုံငွေဈးရောင်းပွဲလည်း ပါဝင်မယ်လို့ ပြောပါတယ်။

မသန်စွမ်းသူများ အနုပညာပွဲတော် ၂၀၁၃ အတွက် ပွဲတော်ကိုယ်စားပြု တေးသီချင်းအတွက် ပါဝင်ယှဉ်ပြိုင်မယ့်တွေကိုလည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

တေးသီချင်းမှာ ပါဝင်ရမယ့် အချက်တွေက မသန်စွမ်းအနုပညာပွဲတော်ကို အခြေပြုကာ ကိုယ်အင်္ဂါ၊ ညဏ်ရည်၊ အမြင်၊အပြောနဲ့ အကြားအာရုံ မသန်စွမ်းသူတွေရဲ့ စွမ်းဆောင်နိုင်မှုကို ဖော်ကျူး မြှင့်တင့်တဲ့ စာသားဖြစ်ရမယ်။ မသန်စွမ်းသူတွေရဲ့ စွမ်းဆောင်ရည်၊ အခွင့်အရေး တန်းတူညီမျှမှုနဲ့ အနုပညာရပ်ဝန်းမှာ ပေါင်းကူးပေးတဲ့ အဓိပ္ပာယ် ပေါ်လွင်စေရမယ်။ သီချင်းသံစဉ်နဲ့ စာသားသည် ကိုယ်ပိုင် ဖန်တီးမှုများ ဖြစ်ရမယ်။ သီချင်းစာသား အားလုံးကို A4 စာရွက်နဲ့ ရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြရမယ့်အပြင် ပါဝင်ယှဉ်ပြိုင်မယ့် သီချင်းဟာ အခြားကို ပေးပို့ယှဉ်ပြိုင်ထားတဲ့ သီချင်းမဖြစ်စေရ စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ရွေးချယ်ခံရပါက ငွေကျပ် ၃ သိန်း ဆုချီးမြှင့်သွားမယ်လို့ သိရပါတယ်။

ပွဲတော်ရက်အတွင်း မသန်စွမ်းသူ ၁၀၀၀ ကျော် တက်ရောက်မယ်လို့ သိရှိရပြီး ဂျပန်နိုင်ငံ တိုင်ကိုဖောင်ဒေးရှင်းက အကြားနဲ့ သောတအာရုံ မသန်စွမ်းသူတွေ လာရောက်ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

အာဆီယံ မသန်စွမ်းသူများ အနုပညာပွဲတော်ကိုလည်း လာမယ့် ၂၀၁၄ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဒေါ်ဇင်မာဖြူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013