DVB Logo
Home
မြန်မာသတင်း
စမ်းလှမ်းကျေးရွာတွင် ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ် ၄ လုံးပျက်စီး၊ အိမ် ၁၀၀ ခန့် စိုးရိမ်ရ
DVB
·
September 19, 2020
စမ်းလှမ်းကျေးရွာတွင် ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ် ၄ လုံးပျက်စီး၊ အိမ် ၁၀၀ ခန့် စိုးရိမ်ရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ စက်တင်ဘာ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲလောက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် လူနေအိမ် ၄ လုံး ပျက်စီးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစစ်ဆန်းက ပြောပါတယ်။  

စမ်းလှမ်းကျေးရွာဟာ ပင်လယ်နဲ့ကပ်နေတဲ့ရွာဖြစ်ပြီး အိမ်ခြေ ၅၀၀ မှာ အိမ် ၁၀၀ လောက် လှိုင်းဒဏ် လေဒဏ် စိုးရိမ်စရာ ရှိနေသေးတယ်လို့ ပြောပါတယ်။ 

စက်တင်ဘာ ၁၉ ရက်နေ့  ညနေအချိန်ထိ လှိုင်းကြီးနေတာကြောင့် စိုးရိမ်စရာအခြေအနေမှာပဲ ရှိသေးတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောပါတယ်။ 

လှိုင်းဒဏ် လေဒဏ် စိုးရိမ်စရာ အခြေအနေမှာရှိနေတဲ့ နေအိမ်တွေက ပစ္စည်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီပြောင်းရွှေ့ပေးနေပါတယ်။ 

စက်တင်ဘာ ၁၉ ရက်မနက်က အစိုးရအဖွဲ့ဝင်တွေ လာရောက်ပြီး နေအိမ်ပျက်စီးသွားတဲ့ အိမ်ထောင်စုတွေကို ငွေကျပ် ၁ သိန်းစီနဲ့ အဝတ်အစား အသုံးအဆောင်ပစ္စည်းတွေ လာရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

နှစ်တိုင်းလိုလို ရေကြီးရေလျှံပြီး လှိုင်းရိုက်မှုတွေ ရှိခဲ့ပေမယ့် အခုနှစ်မှာတော့ အခြေအနေ ပိုဆိုးရွားပြီး ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အစိုးရအဖွဲ့က နောက်ထပ်အပျက်အစီးမရှိအောင် ကာကွယ်နိုင်ဖို့  သဲအိတ်တွေနဲ့ ကာရံထားပြီး နေအိမ်တွေထဲတွေ ရေမဝင်စေဖို့နဲ့ လှိုင်းဒဏ်ခံနိုင်ရည်ရှိအောင် ပြုလုပ်ကြဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ 

ကောင်းထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013