DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲဖြစ်ရပ်မှန်ကို ယခုနှစ်ကုန် စရိုက်မည်
DVB
·
June 28, 2013
ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲဖြစ်ရပ်မှန်ကို ယခုနှစ်ကုန် စရိုက်မည်
Donate to DVB

၁၉၅၄ ခုနှစ်က ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံက လေယာဉ်ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကို ဒီနှစ်ကုန်ပိုင်း ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှန်ရုပ်ရှင်ကို ဒါရိုက်တာ အဏ်ထော်နီက ရိုက်ကူးချိန်ခြောက်လသတ်မှတ်ပြီး ရိုက်ကူးစရိတ်တချို့ကို ပြန်ကြားရေးဝန်ကြီး ဌာနဆီတင်ပြတောင်းခံသွားမယ်လို့ ဒါရိုက်တာအဏ်ထော်နီက ဆိုပါတယ်။ ကုန်ကျစရိတ် ကျပ်သိန်းပေါင်း ၃၀၀၀ လောက် ခန့်မှန်းထားတယ်လို့ ပြောပါတယ်။

[caption id="attachment_34721" align="alignleft" width="300" caption="ဒါရိုက်တာ အဏ်ထော်နီ"][/caption]

“ပြန်ကြားရေး ဒု-၀န်ကြီး ဦးပိုက်ထွေးက ဟိုတလောက လာတွေ့တယ်။ နိုင်ငံတော်သမ္မတကြီးကလည်း အနုပညာသမားတွေကို မြေတောင်မြှောက်ပေးတဲ့ အစီအစဉ်တခုပေါ်လာတယ်။ ဇာတ်လမ်းကောင်းတယ်၊ ကမ္ဘာကို သွားလို့ရနိုင်တဲ့အတွက် လိုအပ်ရင် ရုပ်ရှင်သမားတွေကို နိုင်ငံတော်က မတည်ပြီး ထုတ်ချေးပေးမယ်ပြောလို့ ကိုယ်တိုင် နိုင်ငံတော်သမ္မတဆီတင်မယ်၊ ခွင့်ပြုချက်ရတဲ့အပေါ် မူတည်ပြီး ဇာတ်ကားကို ထုတ်ချေးမယ်။”

ဒီဖြစ်ရပ်ကိုရိုက်ကူးတဲ့အခါမှာ လိုအပ်မယ့် အမေရိကန်နိုင်ငံထုတ် ဒါကိုတာ လေယာဉ်ပုံစံကိုတော့ အမေရိကန်နိုင်ငံကိုပဲ အကူအညီတောင်းခံသွားမယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးဖို့အတွက် အဓိကကျတဲ့ ရည်ရွယ်ချက်နဲ့ ပရိသတ်ကိုပေးချင်တဲ့ အချက်အလက်အလက်တွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာအဏ်ထော်နီက အခုလိုပြောပါတယ်။

“ကမ္ဘာနဲ့ချီပြီး ပထမဆုံးဖြစ်တဲ့ ဇာတ်လမ်းဆိုတော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာရော၊ ပထမဆုံးစလုပ်တဲ့သူက စွန့်ဦးတီထွင်ပဲလေ။ ကိုယ့်နိုင်ငံက စွန့်ဦးတီထွင်ပြီး သတ္တိရှိရှိနဲ့ လေယာဉ်ပြန်ပေးဆွဲတယ်ဆိုတော့၊ အသက်ကိုတောင်စွန့်ပြီး လုပ်ခဲ့တဲ့ ကြံစည်မှုကြီး။ ဒီလို ကြံစည်မှုမျိုးကို လုပ်ရဲတဲ့သတ္တိရှိသူဟာ ကိုယ့်နိုင်ငံက ပေါက်ဖွားခဲ့တဲ့သူတွေ ဖြစ်လို့ ဒါကို ရိုက်ပြလာခြင်းအားဖြင့် ကမ္ဘာကို ချပြရတာ ဂုဏ်ယူစရာပေါ့။”

နိုင်ငံတကာဖြန့်ချိမယ့် ဇာတ်လမ်းဖြစ်တဲ့အပြင် ကမ္ဘာကျော်ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးတာဖြစ်တဲ့အတွက် တိကျတဲ့ အချက်အလက်မှန်တွေကို သက်ရှိထင်ရှားရှိနေသေးတဲ့ ဦးစောကျော်အေးက ကူညီပေးမယ်လို့ အဲ့ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ဗိုလ်စောသိန်းကျော် (ကွယ်လွန်) ရဲ့ သားဖြစ်သူ ဦးစောဒေါဒေါက ပြောပါတယ်။

ကေအန်ဒီအိုက သူတို့အဖွဲ့အတွက် လိုအပ်တဲ့လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ သယ်ယူဖို့အတွက် လေယာဉ်တစ်စီး လိုအပ်လာတာကြောင့် လေယာဉ်ကို ရယူလိုရုံသက်သက် ပြန် ပေးဆွဲမှုကို ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတဲ့နေရာမှာ နာမည်ရနေတဲ့ မင်းသား၊မင်းသမီးတွေကို လုံးဝသုံးမှာ မဟုတ်ဘဲ အသစ်တွေနဲ့သာ ရိုက်ကူးမယ်လို့ သိရပါတယ်။

၁၉၅၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဦးနုအစိုးရ လက်ထက် ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို ပြေးဆွဲခဲ့တဲ့ လေယာဉ်ပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ကေအန်ဒီအို အဖွဲ့ဝင် ၃ ဦးက ဦးစီးပြီး ပြန်ပေးဆွဲခဲ့တာပါ။

ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေအနက် ဦးစောကျော်အေးက သက်ရှိထင်ရှားရှိပြီး ကျန် ဦးစောသိန်းကျော်နဲ့ အငြိမ်းဆိုတဲ့ပုဂ္ဂိုလ်တို့ကတော့  ကွယ်လွန်သွားပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013