DVB Logo
Home
မြန်မာသတင်း
စောင့်ကြည့်ဂျာနယ်သတင်းထောက် ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ၊ ဂျာနယ်ထုတ်ဝေမှု ၂ ပတ် ရပ်နား
DVB
·
September 18, 2020
စောင့်ကြည့်ဂျာနယ်သတင်းထောက် ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ၊ ဂျာနယ်ထုတ်ဝေမှု ၂ ပတ် ရပ်နား
Donate to DVB

News Watch (စောင့်ကြည့်)သတင်းဂျာနယ်တိုက်က သတင်းထောက်တဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတာကြောင့် ရုံးလုပ်ငန်းတွေ ယာယီရပ်ဆိုင်းကာ ဂျာနယ်ထုတ်ဝေမှုကိုလည်း သီတင်း ၂ ပတ်ရပ်နားသွားမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်က အဲဒီသတင်းထောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရ ကြောင်း အတည်ပြုနိုင်ခဲ့လို့ စက်တင်ဘာ ၁၅ ရက်ကစပြီး ရုံးလုပ်ငန်းတွေကို ယာယီ ရပ်နားထား ကြောင်း သတင်းဂျာနယ်တိုက်ရဲ့ဖေ့စ်ဘွတ်ခ်ကတဆင့် အသိပေး ကြေညာထားပါတယ်။

လတ်တလောမှာတော့ အပတ်စဉ်သောကြာနေ့တိုင်းထုတ်ဝေနေကျ News Watch (စောင့်ကြည့်)သတင်းဂျာနယ်ကို သီတင်းပတ် ၂ ပတ်လောက်ရပ်နားထားမှာဖြစ်ကြောင်းနဲ့ ပြန်လည် ထွက်ရှိမယ့်ရက်ကိုတော့ ကြိုတင်အသိပေးကြေညာပေးမယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ လတ်တလောအချိန်ထိ တရိပ်ရိပ် မြင့်တက်နေဆဲပါ။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ပထမဆုံး သော ကိုဗစ်-၁၉ အတည်ပြုလူနာကို မတ်လ ၂၃ ရက်မှာ စတွေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေရှိလာခဲ့ပြီး ရောဂါကူးစက်ခံရ သူအရေအတွက်ဟာ သိသိသာသာမြင့်တက်လာခဲ့လို့ ဒီနေ့မနက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၄,၂၉၉ ဦးနဲ့ သေဆုံးသူပေါင်း ၆၁ ဦး ရှိ လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013