DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ၃ မြို့နယ်က အခြေခံလူတန်းစားများကို ကျပ် ၂၀၀၀၀ စီ ထောက်ပံ့
DVB
·
September 18, 2020
စစ်ကိုင်းတိုင်း ၃ မြို့နယ်က အခြေခံလူတန်းစားများကို ကျပ် ၂၀၀၀၀ စီ ထောက်ပံ့
1 / 5
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေဖို့ စစ်ကိုင်းတိုင်း မြို့နယ် ၃ မြို့နယ်က အခြေခံလူတန်းစား အိမ်ထောင်စု ၁၃၃၇၄၈ စုကို  စက်တင်ဘာ ၁၇ ရက်နေ့က ငွေကျပ် ၂၀၀၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ 

စစ်ကိုင်းခရိုင်အတွင်း စစ်ကိုင်းမြို့နယ်မှာ အခြေခံလူတန်းစာအိမ်ထောင်စု ၈၈၄၀၈ စု၊ မြင်းမူမြို့နယ်က ၂၇၆၇၂ စု၊ မြောင်မြို့နယ်က ၁၇၆၆၈  စု၊ စုစုပေါင်း မြို့နယ်သုံးမြို့နယ်မှ အခြေခံလူတန်းစား အိမ်ထောင်စု ၁၃၃၇၄၈ စုကို တစ်အိမ်ထောင်  ငွေကျပ် ၂၀၀၀၀ နှုန်းစီနဲ့  ထောက်ပံ့ပေးအပ်ခဲ့တာပါ။

စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ''ဒီနေ့မှာ တိုက်နယ်အလိုက် ဌာနဆိုင်ရာတာဝန်ခံတွေက သက်ဆိုင်ရာ ရပ်/ကျေး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ထုတ်ပေးလိုက်ပါပြီ။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးထိုင်ပြီး သူတို့ အစီအစဉ်နဲ့ ဆက်လက်ပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်က ထောက်ပံ့တာကိုက အခြေခံ လူတန်းစာတွေကိုပဲ ထောက်ပံ့ပေးတာပါ။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေတင်ပြလာတဲ့ စာရင်းအပေါ်မှာပဲ ကျနော်တို့က ထုတ်ပေးခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေဖို့ တိုင်းအစိုးရက ပထမအကြိမ် ဆန်၊ ဆီ၊ ဆား အပါအဝင် ပစ္စည်းငါးမျိုး ထောက်ပံပေးအပ်ခဲ့ပါတယ်။

 ဒုတိယအကြိမ် ငွေကျပ် ၁၅၀၀၀ ၊ တတိယအကြိမ် ငွေကျပ် ၂၀၀၀၀ ၊ စတုတ္တအကြိမ် ငွေကျပ် ၂၀၀၀၀ နဲ့ အခု ပဉ္စမအကြိမ် ငွေကျပ် ၂၀၀၀၀  ထောက်ပံ့ပေးအပ်ခဲ့တာပါ။

သတင်း- ရဲနိုင်ဆွေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013