DVB Logo
Home
မေးမြန်းခန်း
သတင်းသမားတွေက တကယ်တာဝန်ရှိတဲ့ အစိုးရကို မေးရမယ် – ဒေါ်အောင်ဆန်းစုကြည်
DVB
·
June 28, 2013
သတင်းသမားတွေက တကယ်တာဝန်ရှိတဲ့ အစိုးရကို မေးရမယ် – ဒေါ်အောင်ဆန်းစုကြည်
Donate to DVB

မီဒီယာတွေက ချောင်ပိတ်စေနိုင်မယ့် မေးခွန်းတွေ မေးလာရင် နိုင်ငံရေးသမားတွေ ရင်ဆိုင် ဖြေဆိုရမှာဖြစ်ပြီး တကယ်တာဝန်ရှိတဲ့ အစိုးရကိုလည်း မေးရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်ထဲမှာ ဒီဗွီဘီသတင်းထောက် အောင်ထွန်းမြင့်က မေးမြန်းရာမှာ ဖြေကြားလိုက်တာပါ။

ငိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး သမ္မတက ဖော်ဆောင်နေတယ်၊ ဒါပေမယ့် ဖော်ဆောင်မှုတွေက လွှတ်တော်နဲ့ သီးခြားဖြစ်နေတယ်လို့ ပြောတဲ့အပေါ် ဘယ်လိုမြင်မိပါလဲ။

“ဝေဖန်မှုတွေရှိနေလို့လည်း ပိုနီးစပ်အောင်လုပ်နေတယ်လေ။ မနက်တုန်းကတောင် လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ တောင်းဆိုချက်အရ လာရှင်းပြတာတွေ ရှိတယ်။ ပို ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ထင်တယ်။ ဒီမိုကရေစီအစိုးရဆိုတာ လွှတ်တော်ကမပါဘဲ လုပ်လို့မရဘူး။ အစိုးရဆိုတာ လွှတ်တော်လည်းပါတယ်။ ၀န်ကြီးအဖွဲ့တင် မဟုတ်ဘူး။ နောက် အန်တီတို့မှာ သိပ်မရှိသေးတဲ့ တရားရေးမဏ္ဍိုင်ဆိုတာလည်း ပါရမယ်။ အားလုံး ၀ိုင်းဝန်းဆောင်ရွက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မယ်။”

ပည်တွင်း၊ ပြည်ပ မီဒီယာတချို့က အန်တီကို မေးခွန်းတွေနဲ့ ချောင်ပိတ်စေနိုင်မယ့်အဖြစ်မျိုးတွေ ဖန်တီးနေတယ်လို့ တချို့ကမြင်တယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါလဲ။

“ဒါက နိုင်ငံရေးလုပ်ရင် ဒီလိုမေးတဲ့ မေးခွန်းတွေဖြေရမယ်၊ နိုင်ငံရေးသမားတွေ ရင်ဆိုင်ရမှာပဲ။ တခုတော့ ရှိတယ်။ သတင်းသမားတွေက တကယ်တာဝန်ရှိတဲ့ အစိုးရကို မေးဖို့ လိုတယ်။ ဒါမှ သတင်းသမားတွေအနေနဲ့ ချိန်ခွင်လျှာညီမျှတယ်လို့ လူတွေက မြင်မှာ။ နိုင်ငံရေးသမားတွေဆိုတာ နိုင်ငံရေးလုပ်တာမှန်တယ်။ တကယ်တော့ တိုင်းပြည်ထဲမှာ အုပ်ချုပ်ရေးအာဏာရှိတာ မဟုတ်ဘူး။ တိုင်းပြည်ထဲဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဓိကတာဝန်ရှိတာက အစိုးရဖြစ်တယ်။ အဓိက တာဝန်ရှိသူတွေကို မေးဖို့က ပထမဆုံး လုပ်ရမယ့်ကိစ္စလို့ မြင်တယ်။”

တရုတ်အစိုးရက မြစ်ဆုံနဲ့ပတ်သက်လို့ ပြန်စချင်တဲ့အရိပ်အယောင်တွေ ပြောနေတယ်။ ဒါနဲ့ ပတ်သက်လို့ရော။

“အဲဒီဟာက အစကတည်းက အန်တီပြောတယ်။ ရပ်လိုက်တယ်၊ ဆိုင်းငံ့လိုက်တယ်ဆိုတာ ငါးနှစ်။ ဆိုင်းငံ့လိုက်တာ ၅ နှစ်ဆိုကတည်းက အန်တီတို့အနေနဲ့ ဘယ်လို စာချုပ်တွေချုပ်ထားပြီး ဘယ်လို သဘောတူညီမှုတွေ ယူထားမှန်းမသိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ်မှာ အန်တီတို့ကနေပြီး မှတ်ချက်ချဖို့ အင်မတန်ခက်တယ်။ အဲအတွက်လည်း အစိုးရကို မေးရမယ်။ ဘယ်လို သဘောတူညီချက်တွေရှိလဲ။ ဘယ်လိုသဘောတူညီချက်တွေနဲ့ ဒီဟာကို သဘောတူထားတာလဲ။ အခု ဘယ်လိုဆက်လုပ်ဖို့ အစီအစဉ်ရှိလဲဆိုတာ။ ဆိုင်းငံ့တာက ဆိုင်းငံ့တာပဲ။ ဒါက ရပ်သွားတာမဟုတ်ဘူး။ နောင် ဘယ်လိုအစီစဉ်ရှိလဲဆိုတာ မေးရမှာ။ ဆိုင်းငံ့လိုက်တဲ့ အစိုးရကို မေးရမှာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013