DVB Logo
Home
သတင်းတို
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး အမြန်ဆုံးခေါ်ယူပေးရန် တောင်းဆို
DVB
·
June 28, 2013
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး အမြန်ဆုံးခေါ်ယူပေးရန် တောင်းဆို
Donate to DVB

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ သမ္မတဆီ သ၀ဏ်လွှာတစောင် ရေးသားပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး အမြန်ဆုံး ခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။

အကြောင်းကတော့ သမ္မတဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီရဲ့ ဆောင်ရွက်ချက်တွေအနက် တချို့အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ အောင်မြင်တာတွေ ရှိသလို၊ တချို့အဖွဲ့နဲ့ တွေ့ဆုံတဲ့အခါမှာ မလိုလားအပ်တဲ့ကိစ္စရပ်တွေနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး ပြည်သူတွေနဲ့ အမတ်တွေက သူကို တင်ပြလာခဲ့ကြောင်း၊ ဒါကြောင့် ဒီကိစ္စတွေကို အလေးအနက်ထား ဆွေးနွေးဖို့ လိုအပ်လာလို့ တောင်းဆိုရခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအတွက် ဒီနေ့ သမ္မတဆီက သ၀ဏ်လွှာ တစောင် ပေးပို့လာပေမယ့် ဘယ်လို အချက်တွေ ဖော်ပြထားတယ်ဆိုတာ ထုတ်ဖော်ပြောဆိုဖို့ မသင့်သေးဘူးလို့ သူရဦးရွှေမန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013