DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ သန်း ၃၀ ကျော်ရှိလာ
DVB
·
September 17, 2020
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ သန်း ၃၀ ကျော်ရှိလာ
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသူအရေအတွက်ဟာ ဒီကနေ့မှာတော့ တကမ္ဘာ လုံးအတိုင်းအတာနဲ့ သန်း ၃၀ ကျော်သွားရှိပြီး  သေဆုံးသူစုစုပေါင်း ၉၄၅,၀၃၂ ယောက် အထိ ရှိလာပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူ ၂၀၁,၃၄၈ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၈၃,၂၃၀ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။

အဲဒီနောက်မှာတော့ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၄ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၁၃၄,၁၇၄ ယောက်၊ ရုရှားနိုင်ငံက  ကူးစက်ခံရသူ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၈,၉၁၇ ယောက် အသီးသီးနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့ပွားမှု ထိပ်ဆုံး ၄ နိုင်ငံအနေ နဲ့ ရပ်တည်နေပါတယ်။

ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၂၂၃ ယောက်နဲ့ သေဆုံးသူ ၄,၆၃၄ ယောက် ရှိပါတယ်။

အာရှဒေသတွင်းနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု အမြင့်ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေးဗျနိုင်ငံတွေက ကူးစက်ခံရသူ ဦးရေ ၄၁၀,၃၃၄ ယောက်၊ ၃၄၂,၆၇၁ ယောက်၊ ၃၂၇,၅၅၁ ယောက်စီနဲ့ အသီးသီး ရှိနေကြပါတယ်။

အဲဒီနိုင်ငံတွေရဲ့ နောက်မှာတော့ ပါကစ္စတန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူ ၃၀၃,၆၃၄ ယောက်၊ သေဆုံးသူ ၆,၃၉၉ ယောက်နဲ့ ရှိတာပါ။

အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်နိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၂၇၂,၉၃၄ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၇၃၂ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့နောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၂၂၈,၉၉၃ ယောက်၊  စုစုပေါင်း သေဆုံးသူ ၉,၁၀၀ ယောက်နဲ့ ကပ်လိုက်နေပါတယ်။

တတိယနေရာမှာတော့ စင်ကာပူနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၅၇,၅၁၄ ယောက်၊  စုစုပေါင်း သေဆုံးသူ ၂၇ ယောက်နဲ့ ရပ်တည်နေပြီး သူ့နောက်မှာ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀,၀၃၁ ယောက်၊  စုစုပေါင်း သေ ဆုံးသူ ၁၂၈ ယောက်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ရောဂါကူးစက်ခံရသူ အရေအတွက် ၃,၈၉၄ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄၆ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ရောဂါကူးစက်ခံရမှုအမြင့်ဆုံးအဆင့် ၅ နိုင်ငံစာရင်းထဲ ပါဝင်လာပါတယ်။

မြန်မာနိုင်ငံရဲ့ နောက်မှာတော့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအို နိုင်ငံတွေ အသီးသီး ရှိနေကြပြီး လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးရတဲ့ လူနာခုထိ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် လျင်လျင်မြန်မြန်ပဲ ကူးစက်ပျံ့နှံ့နေခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013