DVB Logo
Home
မြန်မာသတင်း
စစ်တပ် သိမ်းထားသည့် လယ်မြေများ ဒီလကုန်ပြန်ပေးမည်
DVB
·
June 28, 2013
စစ်တပ် သိမ်းထားသည့် လယ်မြေများ ဒီလကုန်ပြန်ပေးမည်
Donate to DVB

စစ်တပ်က နိုင်ငံတ၀န်းမှာ သိမ်းထားတဲ့ လယ်မြေတွေ ဒီလကုန် ပြန်ပေးမယ်လို့ လွှတ်တော် လယ်မြေသိမ်း ဆည်းမှု စစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် မကွေတိုင်းအဖွဲ့ခေါင်းဆောင် ဦးလှဆွေက ပြောပါတယ်။

ဇွန်လ ၂၇ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ဝေလွင်က သူတို့ ကော်မရှင် အစည်းအဝေးကို လာပြီး တပ်ကသိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေးမယ့်အကြောင်း ပြောသွားတာလို့ ဦးလှဆွေက ပြောပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်ပေးချက်အရ ဗိုလ်ချုပ် ဝေလွင်နဲ့ တိုင်းစစ်ဌာနချုပ်က ဒု-တိုင်းမှူးတွေ၊ စစ်ထောက်ချုပ်တို့နဲ့ တိုင်ပင်ဆွေးနွေးပြီး ဒီလကုန်မှာ site plan ဆိုတာကလွဲပြီး ကျန်တဲ့မြေတွေ အားလုံးပြန်ပေးမယ်ဆိုပြီး ခေါင်းဆောင်တွေကို ပြောပေးလို့ ဆိုပါတယ်။”

ဒီလကုန်မှာ ပြန်ပေးမယ့် လယ်မြေဧက ဘယ်လောက်ဆိုတဲ့ စာရင်းဇယားနဲ့ ပြည်နယ်တိုင်း အစိုးရတွေထံ ပြန်ပေးဖို့ရှိတယ်။ တောင်သူလယ်သမားတွေအနေနဲ့ မိမိတို့ရဲ့ လယ်မြေပိုင်ဆိုင်မှု အထောက်အထားတွေကို အခုကတည်းက လက်ဝယ်ထားရှိဖို့ လိုမယ်လို့လဲ သူက ပြောပါတယ်။

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာတာဝန်ခံ ကိုထွန်းမြင့်အောင်ကတော့ လယ်မြေတွေ ပြန်ပေးတာကို ကြိုဆိုလိုက်ပြီး လယ်ယာမြေပြဿနာ ဖြေရှင်း ညှိနှိုင်းရေးကော်မတီတရပ် လတ်တလော ဖွဲ့စည်းလုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

“မြေယာ လုံးဝအသိမ်းခံလိုက်ရပြီး အထောက်အထားမပြနိုင်လို့ မပေးတော့ဘူးဆိုတာကတော့ ပြည်သူကို လျစ်လျူရှုရာရောက်တယ်။ အဲအနေအထားမဖြစ်အောင် ဘက်ပေါင်းစုံကနေ လယ်ယာမြေပြဿနာဖြေရှင်းရေး ကော်မတီတရပ် လတ်တလော ဖွဲ့လုပ်ဖို့ လိုမယ်။ ဒါမှသာလျှင် လယ်သမားတွေကို ပြန်ပေးတဲ့လယ်တွေ ပြန်ရနိုင်တယ်ဆိုတာ အဲတော့မှဖြစ်မယ်။ မဟုတ်ရင် ကျနော်တို့တိုင်းပြည်မှာ ပေးကားပေး၏ မရ ဆိုတာမျိုးဖြစ်မယ်။

ပြီးခဲ့တဲ့လထဲ ဧရာဝတီတိုင်းမှာ ဧရာရွှေဝါကုမ္ပဏီက သိမ်းထားတဲ့ လယ်ဧက ၄၀၀၀၀ ကျော် တိုင်းအစိုးရထံ ပြန်လွှဲပေးခဲ့ပေမယ့် လယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေကြတာကြောင့် မူလပိုင်ရှင်တွေ အခု အချိန်ထိ ပြန်မရသေးဘဲ ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013