DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် မြန်မာက ထိုင်းထက် ကျော်လွန်လာ
DVB
·
September 16, 2020
ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် မြန်မာက ထိုင်းထက် ကျော်လွန်လာ
Donate to DVB

ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်းကာလအတွင်းမှာ မြန်မာနိုင်ငံက အိမ်နီးချင်းထိုင်းနိုင်ငံထက် ရောဂါကူးစက်ခံရသူအရေအတွက် ကျော်လွန်သွားပြီး အာဆီယံ ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှုန်း  အမြင့်ဆုံး ၅ နိုင်ငံစာရင်းထဲ ပါဝင်လာပါတယ်။

ဒီကနေ့မနက်အထိ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်းကာလအတွင်းမှာ မြန်မာနိုင်ငံက အိမ်နီးချင်းထိုင်းနိုင်ငံထက် ရောဂါကူးစက်ခံရသူအရေအတွက် ကျော်လွန်သွားပြီး အာဆီယံ ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှုန်း  အမြင့်ဆုံး ၅ နိုင်ငံစာရင်းထဲ ပါဝင်လာပါတယ်။

ဒီကနေ့မနက်အထိ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃,၄၉၀ ယောက်နဲ့ သေဆုံးသူ ၅၈ ယောက်ရှိနေခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ဦးရေ ၃,၆၃၆ ယောက်နဲ့ သေဆုံးသူ ၃၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃,၄၉၀ ယောက်နဲ့ သေဆုံးသူ ၅၈ ယောက်ရှိနေခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ဦးရေ ၃,၆၃၆ ယောက်နဲ့ သေဆုံးသူ ၃၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာကို မြန်မာနိုင်ငံမှာ စ တင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်စတင်ခဲ့တဲ့ ဒုတိယ လှိုင်းကာလအတွင်းမှာတော့ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာမြင့် တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် ဆောင် လာခဲ့ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၉ ဒသမ ၇ သန်း ကျော်နဲ့ သေဆုံးသူအရေအတွက် ၉ သိန်းကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်က ရောဂါကူးစက်ခံရသူ အရေအတွက် ၂၆၉,၄၀၇ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၆၃ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့ နောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၂၂၅,၀၃၀ ယောက်၊  စုစုပေါင်း သေဆုံးသူ ၈,၉၆၅ ယောက်နဲ့ ကပ်လိုက်နေပါတယ်။

တတိယနေရာမှာတော့ စင်ကာပူက ရောဂါကူးစက်ခံရသူ အရေအတွက် ၅၇,၄၈၈ ယောက်၊  စုစုပေါင်း သေဆုံးသူ ၂၇ ယောက်နဲ့ ရပ်တည်နေပြီး သူ့နောက်မှာ မလေးရှားက ရောဂါကူးစက်ခံရသူ အရေအတွက် ၉,၉၆၉ ယောက်၊  စုစုပေါင်း သေဆုံးသူ ၁၂၈ ယောက်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ အာဆီယံနိုင်ငံတွေထဲမှာ ရောဂါကူးစက်ခံရမှုအမြင့်ဆုံးအဆင့် ၅ နိုင်ငံစာရင်းထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံရဲ့ နောက်မှာတော့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနိုင်ငံတွေ အသီးသီး ရှိနေကြပြီး ကမ္ဘောဒီးယားနဲ့ လာအို ၂ နိုင်ငံမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးရတဲ့ လူနာခုထိ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013