DVB Logo
Home
မြန်မာသတင်း
အပြန်စရိတ်မရှိသည့် အလုပ်သမားများကို လေယာဉ် အခမဲ့စီစဉ်ပေးမည်
DVB
·
June 27, 2013
အပြန်စရိတ်မရှိသည့် အလုပ်သမားများကို လေယာဉ် အခမဲ့စီစဉ်ပေးမည်
Donate to DVB

မလေးရှားကနေ မြန်မာနိုင်ငံကိုပြန်လာချင်တဲ့ အလုပ်သမားတွေကို အမ်အေအိုင်လေကြောင်းနဲ့ လေယာဉ်လက်မှတ်ခအခမဲ့စီးနိုင်ဖို့အတွက် ကမ္ဘောဇဘဏ်က လာမယ့် ၂၉ ရက်နေ့မှာ စီစဉ်ပေးသွားဖို့ ရှိပါတယ်။

လူဦးရေ ၁၇၀ ကျော်စီးနင်းနိုင်တဲ့ လေယာဉ် ၁ စီးလုံးကို အဲ့ဒီနေ့မှာ  အမ်အေအိုင်လေကြောင်းလိုင်းက စီစဉ်ပေးသွားမယ်လို့ ကမ္ဘောဇဘဏ်က ပြောပါတယ်။

ဒီလေကြောင်းလိုင်းအနေနဲ့ အရင်အကြိမ်တွေက မလေးရှားက မြန်မာအလုပ်သမားတွေကို လေယာဉ်လက်မှတ် ၅၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပြီး အခုတခေါက်မှာ ပထမဆုံးအကြိမ် အခမဲ့ စီစဉ်ပေးတာလို့ ဆိုပါတယ်။

ကမ္ဘောဇဘဏ်က မန်နေဂျင်းဒါရိုက်တာ ဦးညိုမြင့်က “၄ မျိုးလုပ်ပေးမယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ပထမ ငွေလှူတယ်၊ ဒုတိယ ၅၀ ရာခိုင်နှုန်းလျှော့ပေးတယ်၊ တတိယအနေနဲ့ သိပ်အခက်အခဲဖြစ်လာရင် အခမဲ့သယ်ပေးမယ်။ နောက် အဖွဲ့လိုက်စုစည်းပြီး သံရုံးတို့ကနေ စုစည်းပေးထားရင် စင်းလုံးတစီးစာရရင် စင်းလုံးဆွဲပေးမယ်။ အခေါက်ရေအကန့်အသတ်မရှိ ဆွဲပေးမယ်။ ဥက္ကဋ္ဌကြီး ချပေးထားတဲ့ မူပါ” လို့ ပြောပါတယ်။

အခုလို လေယာဉ်စရိတ် လုံးဝမတတ်နိုင်တဲ့သူတွေကို အပြန်ခရီးအခမဲ့ စီစဉ်ပေးတာအပြင် တဦးကို လေယာဉ်လက်မှတ်ခ ထက်ဝက်သက်သာတဲ့ အစီအစဉ်ကိုလည်း အရင်သတ်မှတ်ထားတဲ့အတိုင်း ဇူလိုင်လအထိ ဆက်လက်ကူညီပေးသွားမှာလို့ အမ်အေအိုင်လေကြောင်းလိုင်းရဲ့ ဈေးကွက်နဲ့ လူမှုဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာက ဒီဗွီဘီကို ပြောပါတယ်။

အမ်အေအိုင်လေကြောင်းလိုင်းဟာ ကမ္ဘောဇစီးပွားရေး လုပ်ငန်းစုအောက်ကဖြစ်ပြီး မလေးရှားက မြန်မာအလုပ်သမားတွေ ပြန်လာနိုင်ရေးအတွက် လေယာဉ်လက်မှတ်ခတွေ လျှော့ချပေးတာအပြင် အမေရိ ကန်ဒေါ်လာ ၁ သိန်း ၅ ထောင်တိတိကိုလည်း လှူဒါန်းထားတယ်လို့ သိရပါတယ်။

အလားတူ နာမည်ကျော် စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ထူးကုမ္ပဏီနဲ့ ဧရာဝတီဖောင်ဒေးရှင်းတို့ကလည်း မလေးရှားရောက် မြန်မာအလုပ်သမားတွေ ပြန်လာနိုင်ရေးအတွက် လှူဒါန်းကူညီမှုတွေ အသီးသီးပြုလုပ်နေကြပါတယ်။

မလေးရှားမှာ မေလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦး သေဆုံးပြီး လူ ၂၄ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။မလေးရှားမှာ တရားဝင်အလုပ်သမား ၃ သိန်းနဲ့ တရားမဝင် ၄၀,၀၀၀ လောက်ရှိတယ်လို့ မလေးရှားဆိုင်ရာ မြန်မာသံအမတ်ဦးတင်လတ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013