DVB Logo
Home
Lead Story
ကွယ်လွန်သူအဆိုတော် ဗဒင်မျိုးဆက် သော်ဖိလုဒင် ကိုယ်ပိုင်သံစဉ်သီချင်းသစ်-“ဝေး”(ရုပ်သံ)
DVB
·
September 16, 2020
ကွယ်လွန်သူအဆိုတော် ဗဒင်မျိုးဆက် သော်ဖိလုဒင် ကိုယ်ပိုင်သံစဉ်သီချင်းသစ်-“ဝေး”(ရုပ်သံ)
Donate to DVB

တချိန်က ဂီတလောကမှာ ထင်ရှားခဲ့ပြီး ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အဆိုတော် ဗဒင်ရဲ့ တဉီးတည်းသော ရင်သွေးမျိုးဆက်ဖြစ်တဲ့ သော်ဖိလုဒင်ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

  “ဝေး”လို့အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ သော်ဖိလုဒင်က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို ထားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပထမဆုံးသော ဂီတခြေလှမ်းသစ်အနေနဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

“တချိန်က ကိုယ့်ရဲ့ဘဝဆိုတာ… လိုတိုင်းရခဲ့တဲ့ ဘဝမို့… ဒီဉာဏ်နဲ့ တလောကလုံးကို… ဝါးမြိုပစ်ဖို့လဲ တွေးဖူးတယ်… ငါ ရူးသွားမှန်း ရူးသွားမှန်း… သိလိုက်ရတဲ့ အခိုက်မှာ… ဘယ်သူမှမရှိ ငါရပ်လိုက်ပြီး… လှည့်ကြည့်တော့… အိုး ငါ့ပတ်ပတ်လည်… ဟင်းလင်းပြင်”

        ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အဆိုတော် ဗဒင်ဟာ ၁၉၉၃ ခုနှစ်က ပထမဆုံးထွက်ရှိခဲ့တဲ့ “နေရာ”တေးအယ်လ်ဘမ်တချပ်တည်းနဲ့တင် အအောင်မြင်ဆုံး အဆိုတော်တယောက် ဖြစ်လာခဲ့ပြီး သူ့ရဲ့ သီချင်းတွေဟာ နိုင်ငံအနှံ့ တောရောမြို့ပါမကျန် အားပေးလက်ခံမှု ရရှိ ခဲ့ပါတယ်။

အဲဒီကာလမတိုင်ခင်ကတော့ ဗဒင်ဟာ တေးရေးဆရာတယောက်အနေနဲ့ ရပ်တည်ခဲ့ပြီး သူရေးခဲ့တဲ့ “ရိုးရိုးအေးအေးကြီးကိုပဲ”၊ “အသည်းစွဲ”စတဲ့ သီချင်းတွေကတော့ ထင်ရှားပါတယ်။

    ကိုယ်ပိုင်သံစဉ်သီချင်းတွေချည်း သီးသန့်သီဆိုခဲ့တဲ့ ဗဒင်ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “သိုးမည်းတွေအကြောင်း”ကလည်း သူ့ရဲ့ ဘဝတစိတ်တဒေသကို ဖော်ပြနေခဲ့တာပါ။

        နောက်ထပ်ထူးခြားတာကတော့ ဗဒင်ဟာ အအောင်မြင်ဆုံး တေးအယ်လ်ဘမ်လို့ ဆိုရမယ့် “နေရာရဲ့နောက် “ဒီနေ့”၊ “မမေ့ပါဘူး”၊ “အရှိအတိုင်း” စတဲ့ စုစုပေါင်း တေး အယ်လ်ဘမ် ၄ ချပ်သာ တသက်တာမှာ ထုတ်ဝေခဲ့ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

သူ့သီချင်းတွေထဲက “အဟောင်းဆိုင်”၊ “ချစ်အသည်းကျော်မလေး”၊ “သိပ်ချစ်တာပဲ”၊ “ဒီအတိုင်းပဲဆင်းလာခဲ့”စတဲ့ သီချင်းတွေကတော့ လူငယ်တွေရဲ့ ပါးစပ်ဖျား ရေပန်းစား သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ “ပျိုပျိုမေရဲ့ သိုးမည်းကြီး”အမည်နဲ့ အမှတ်တရ ဖျော်ဖြေပွဲတခုကို သားဖြစ်သူ သော်ဖိလုဒင်နဲ့ အဆိုတော်တွေ သီဆိုဖျော်ဖြေခဲ့ကြ ပါသေးတယ်။

“နာကျင်ဝေဒနာဒဏ်ရာ… အစပြုတဲ့အချိန်… တယောက်ထဲရှိတာ… မကောင်း မှန်းသိချိန်… အူး… မနေချင်တော့ဘူးသိလား… ကြင်နာသူဝေး… စာနာသူဝေး… အော် ရယ်သံလေးတောင် မကြားရတော့တဲ့ ဘဝ… အရာရာ ပြောင်းလဲချင်ပြီ… ချစ်တဲ့သူရဲ့ အနီး… ပျော်စရာဖန်တီး… အကြင်နာသာထုဆစ်မည်… အူး… နေ့ရက်သို့ရောက်ချင်ပြီ”

ခုတခါမှာတော့ “ဝေး”သီချင်းထဲမှာ သော်ဖိလုဒင်ရဲ့ ဆန်းသစ်တဲ့ ဂီတဖန်တီးမှုပုံစံ တမျိုးနဲ့ သီဆိုဟန်ကို ပရိသတ်တွေက Apple Music ၊ Spotify ၊ Youtube ၊ Joox ၊ Amazon Music ၊ Tidal ၊ Myanmar Music Store စတဲ့ ဂီတပလက်ဖောင်းတွေပေါ်က တဆင့် ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013