DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဆေးစစ်မှုခံယူမည်
DVB
·
September 16, 2020
ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဆေးစစ်မှုခံယူမည်
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာဗျူးလာရောက်မေးမြန်းခဲ့တဲ့ မီဒီယာသမားတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတာကြောင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ထိတွေ့မှုသံသယနဲ့ ဆေး စစ်ဆေးမှု ခံယူသွားဖို့ ရှိနေတယ်လို့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်။

       “ကျွန်တော့် Swab Test ယူဖို့ ဒီနေ့ ၁၅ ရက် စက်တင်ဘာမှာ ဆေးခန်းသွားပါ့မယ်။ အဲဒါကို ပြောရတာ အားနာပါတယ်။ မပြောဘဲ မထားသင့်ဘူးထင်လို့ အားနာနာနဲ့ပဲ ပြောရတာပါ”

       ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က မီဒီယာတခုက အင်တာဗျူးကို နေအိမ်မှာ လက်ခံဖြေကြားခဲ့ပြီး သိပ်မကြာခင်မှာပဲ သူ့ကို လာရောက်မေးမြန်းခဲ့သူ ၂ ယောက်ထဲက တယောက်မှာ ကိုဗစ်-၁၉ ရောဂါ Positive အဖြေထွက်ရှိခဲ့တာမို့ ခုလိုစစ်ဆေးမှု ခံယူဖို့ ဆုံးဖြတ်လိုက်ရတာလို့ ဆိုပါတယ်။

“၁၀ ရက်နေ့ နေ့လယ်ခင်းမှာ သတင်းမီဒီယာတခုက အင်တာဗျူးကို ကျနော့်အိမ်မှာ လက်ခံ ခဲ့ပါတယ်။ သူတို့ နှစ်ယောက် လာပါတယ်။ mask တပ်ထားကြပါတယ်။ ကျနော့်ကို မေးတဲ့ တယောက်က mask ပေါ်မှာ face shield လည်း တပ်ထားပါသေးတယ်။ ကျနော်ကလည်း mask နဲ့ပဲ အင်တာဗျူး ဖြေခဲ့ပါတယ်။ ၁၃ ရက်နေ့ကတော့ ကျနော့်ကို မေးတဲ့ တယောက်က သူ သူ့ကိုယ် သူ သံသယဝင်လို့၊ အနံ့ပျောက်သွားလို့ swab test ယူဖို့ ဆေးရုံရောက်နေကြောင်း Facebook မှာ ရေးတာမြင်လိုက်တယ်။ အဲဒါနဲ့ ဖုန်းဆက်ပြီး မေးရပါတယ်။ ၁၄ ရက်နေ့ ညပိုင်းမှာ သူ့ swab test အဖြေသိရမယ်ပြောပါတယ်။ ၁၄ ရက်နေ့ည ၉ နာရီလောက်မှာတော့ သူ့ Facebook မှာ သူ့ swab test အဖြေ positive ဖြစ်ကြောင်း ရေးထားပါတယ်”

လတ်တလောမှာတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရ တဲ့ လက္ခဏာတခုခု ရှိမနေပေမယ့် သူက Positive တွေ့သူ မီဒီယာသမားရဲ့ Primary Contact ဖြစ်တာကြောင့်မို့ Swab Test ယူဖို့ ဆုံးဖြတ်လိုက်ရတာလို့ ဆိုပါတယ်။

“ကျနော်ကတော့ ခုထက်ထိ အနံ့မပျောက်သေးပါဘူး၊ မဖျားသေးပါဘူး။ ဒါပေမဲ့ ကျနော်က သူ့ရဲ့ primary contact ဖြစ်နေပါပြီ။ ဒါကြောင့် swab test ယူဖို့ ဆုံးဖြတ်လိုက်ရတာပါ။ အသိပေးရတာ အားနာပါတယ်”

ထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဇာတ်ကားတွေ ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာတ ယောက်အနေနဲ့ ပရိသတ်တွေသိကြတဲ့ မင်းထင်ကိုကိုကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ကဗျာတပုဒ်ကို လေလံတင်ရောင်း ချပြီး ရရှိတဲ့ ငွေတွေအားလုံးကို အန်အယ်လ်ဒီပါတီအောင် နိုင်ရေးရန်ပုံငွေအနေနဲ့ အသုံးပြုဖို့ လှူ ဒါန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013