DVB Logo
Home
ကျန်းမာရေး
COVID-19 နဲ့ မေးခွန်းများစွာ
DVB
·
September 15, 2020
COVID-19 နဲ့ မေးခွန်းများစွာ
Donate to DVB

ကိုဗစ်က ဒုတိယတကျော့ ဖြစ်ပွားနေတာ​ကြောင့် ကိုယ်တိုင်ကနေစပြီး ကာကွယ်ဖို့ လိုပါမယ်။ ကာကွယ်တယ်ဆိုတဲ့နေရာမှာ စနစ်တကျ သေချာ သိရှိကာကွယ်မှလည်း ထိရောက်မှုရှိမှာပါ။ ဒီတော့ ကိုဗစ်ကို သေချာ ကာကွယ်ဖို့ ဇဝေဇဝါ ဖြစ်နေနိုင်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ ဖြေပေးသွားပါမယ်။

ကိုဗစ်နဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေနိုင်တဲ့ အချက်များ


ကိုဗစ်က သေချာ ကာကွယ်ရင် ကြောက်ဖို့ မလိုပေမယ့် တစ်ဦးတစ်ယောက်ချင်းစီက စည်းကမ်းရှိရှိနဲ့ သေချာ သိရှိ ကာကွယ်ဖို့ လိုပါမယ်။

(၁) ကိုဗစ်က သေစေနိုင်လား.…….


လူအများစုမှာတော့ ကိုဗစ် ကူးစက်ခံရတဲ့အခါ သာမန် ဖျားနာသလို အဖျားငွေ့ငွေ့လေး ဖြစ်နိုင်တယ်ဆိုပေမယ့် အချို့သူတွေမှာတော့ ပြင်းထန်နိုင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

အဆိုးဆုံး အဆင့်ကတော့ သေစေနိုင်တာပါ။ ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေက စိုးရိမ်ရမယ့် သူတွေပါ။

(၂) ခေါင်းကိုက်တာက ကိုဗစ် လက္ခဏာလား……………


ကိုဗစ် ဗိုင်းရပ်စ်က ရောဂါ လက္ခဏာ အမျိုးမျိုးခံစားရစေနိုင်ပါတယ်။ ဖျားနာမှုကနေ အဆုတ်ရောင်တာအထိပေါ့။ အဖျားရှိတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာတွေကလည်း ကိုဗစ်ရဲ့ လက္ခဏာတွေထဲက လက္ခဏာအချို့ပေါ့။

(၃) ကိုဗစ်က အစားအသောက်​တွေကနေ  ကူးစက်နိုင်လား……….


ကိုဗစ်က အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ လူအချင်းချင်း ထိတွေ့မှုကနေတဆင့် ကူးစက်ပါတယ်။ အစားအသောက်တွေ အစားအသောက်ကို ထုပ်ပိုးထားတဲ့ အရာတွေကနေတဆင့် ကူးနိုင်တယ်ဆိုတဲ့ အထောက်အထားတွေတော့ မတွေ့ရှိရသေးပါဘူး။

(၄) ကိုဗစ်ဖြစ်ရင် နာလန်ထချိန် ဘယ်လောက် ကြာသလဲ……….


ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ အရမ်းမဆိုးရင် ၂ ပတ်လောက်အတွင်း ပြန်သက်သာလာနိုင်ပါတယ်။ ဒါပေမယ့် ပြင်းထန်မယ်၊ ရောဂါ အခံရှိမယ်ဆိုရင်တော့ ၃ ပတ် ကနေ ၆ ပတ်လောက်ကြာမှ ပြန်လည် နာလန်ထနိုင်မှာပါ။

(၅) ရေများများသောက်တာက ကိုဗစ်ဗိုင်းရပ်စ်ကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပစ်စေနိုင်လား…………


ရေများများ သောက်တာက ကျန်းမာရေးအတွက် ကောင်းတယ်။ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တယ်။ ဒီလိုဆိုပေမယ့် ရေများများသောက်တာက ကိုယ်တွင်းမှာ ဝင်ရောက် ကူးစက်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို ခန္ဓာကိုယ် ပြင်ပကို မစွန့်ထုတ်ပေးနိုင်ပါဘူး။

(၆) အရက်က Covid-19 ​ဗိုင်းရပ်စ်ကို သေစေနိုင်လား………..


အရက် သောက်သုံးတာက ကိုဗစ်ဗိုင်းရပ်စ်ကို မသေစေနိုင်ပါဘူး။ ကျန်းမာရေးကို ပိုထိခိုက်စေနိုင်တာပါ။ အခန့်မသင့်ရင် ကိုယ်ခံအားနည်းပြီး ကိုဗစ် ကူးခံရနိုင်ခြေတောင် ပိုများပါဦးမယ်။

(၇) ရာသီဥတု ပူရင် ကိုဗစ် မကူးတော့ဘူးလား…………


ကိုဗစ် ကူးစက်မှုက ရာသီဥတုနဲ့ မဆိုင်ပါဘူး။ ရာသီဥတု အေးမြခြောက်သွေ့လည်း ကူးစက်နိုင်သလို ပူနွေးစိုစွတ်လည်း ကူးစက်နိုင်ပါတယ်။ ကိုဗစ်က နေရောင်ကို ကြောက်တယ်ဆိုကြပေမယ့် ရာသီဥတု ပူလည်း ကိုဗစ်ကတော့ ကူးမှာပါပဲ။

(၈) မိခင်နို့ရည်ကနေ ကိုဗစ် ကူးစက်နိုင်လား………


မိခင်နို့ရည်ကနေ ကိုဗစ် မကူးစက်နိုင်ပါဘူး။ ဒါပေမယ့် မေမေက ကိုဗစ်ရှိမယ် ကလေးကို နို့ချိုတိုက်ချင်တယ်ဆိုရင် လုံလောက်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တာ ထိရောက်တဲ့ ကာကွယ်မှုတွေကို လုပ်ဆောင်တာမျိုးတော့ လုပ်ဖို့ လိုပါမယ်။

ကိုဗစ်ကို သေချာ ကာကွယ်ပါ


ကိုဗစ်ကို ကာကွယ်ဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။

  • အပြင်က ပြန်လာတိုင်း၊ တစ်ခုခုကို ကိုင်တွယ် ထိတွေ့ပြီးတိုင်း လက်ဆေးပါ

  • အပြင်သွားရင် မတ်ခ်တပ်ပါ

  • မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။

  • လူစုလူဝေး ရှောင်ရှားပါ။

  • အိပ်ရေးဝဝ အိပ်ပါ။

  • အာဟာရ ပြည့်ဝအောင် စားပါ။



ရေးသားသူ Aye Thi Mon


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013