DVB Logo
Home
Lead Story
ဂျေမောင်မောင်သီချင်းကို ဂျူဝယ်လ်သီဆိုမှုနှင့် ခံစားနားဆင်ရမည့် “စိတ်ကူးအတောင်ပံများ” သီချင်း(ရုပ်သံ)
DVB
·
September 15, 2020
ဂျေမောင်မောင်သီချင်းကို ဂျူဝယ်လ်သီဆိုမှုနှင့် ခံစားနားဆင်ရမည့် “စိတ်ကူးအတောင်ပံများ” သီချင်း(ရုပ်သံ)
Donate to DVB

       “ဟိုး… အိပ်ပျက်တာတွေ သိပ်များနေပြီ… ချည်နှောင်လာတဲ့ အတွေးတွေ… မ ဖြည်နိုင်အောင်ပင် တစ်ရစ်ပြီးတစ်ရစ်… နောက်မိုးလင်းမှာကိုတောင် ကြောက်နေပြီ… မပြေလည်မှုနဲ့ မျက်နှာသစ်… မနက်တိုင်းလိုမှာ… မကြုံခင်အဖြစ်များအတွက် ကြိုမော”

       ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီးအဆိုတော် ဂျေ မောင်မောင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “စိတ်ကူးအတောင်ပံများ”သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

       ခုတခါမှာတော့ ဒီသီချင်းကို ပရိသတ်အချစ်တော် တေးသံရှင် ဂျူဝယ်လ်ရဲ့ ပုံစံတ မျိုးနဲ့ ဆန်းသစ်သီဆိုဟန်ကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       ဒီသီချင်းကိုတော့ ဂျေမောင်မောင် စီစဉ်ပြီး ချိုကြည်သာ တေးသံသွင်းက တင် ဆက်တဲ့ “ချစ်သူတို့ရေအလွမ်းပြေ”အမည်နဲ့ တေးအယ်လ်ဘမ်ထဲမှာ ဂျူဝယ်လ်ကပါဝင် သီဆိုထားခဲ့ပြီး တခြားအမျိုးသမီးအဆိုတော်တွေဖြစ်ကြတဲ့ ဆုန်သင်းပါရ်၊ သီရိဂျေမောင် မောင်၊ အိုင်ရင်းဇင်မာမြင့်၊ ချမ်းချမ်း၊ နေနေ၊ ဝတ်ရည်ထက်၊ ချယ်ရီသင်း၊ ANT နဲ့ လားဒင့် ထားရ်ရီတို့ကလည်း သီဆိုပေးထားကြတာ ဖြစ်ပါတယ်။

“ရင်မှာမျှော်လင့်လို့… အတောင်ပံလေးများ ရရှိလိုက်ချင်… ကမ္ဘာအပြင်ကို ပြေး ထွက်ဖြစ်ရင်ကောင်းမယ်… ဒါပေမယ့်လည်း အချစ်… မျှော်လင့်တမ်းတ မွန်းကြပ်လို့ နေ… အတောင်ပံတွေလည်း မရှိ… အချစ်ရေခက်တယ်”

ရွက်ပုန်းသီးအနုပညာရှင်တွေ မွေးထုတ်ပေးရာ The Best Of Melody World သီ ချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တဲ့ ဂျူဝယ်လ်ဟာ အလွမ်းမှတ် တိုင်၊ မချစ်ချင်တော့ပြီစတဲ့ တကိုယ်တော် သီချင်းတွေအပြင် ကောင်းကောင်းနဲ့ စုံတွဲသီ ဆိုထားတဲ့ ပျော်နေပါ၊ ဖြိုးပြည့်စုံနဲ့ စုံတွဲသီဆိုထားတဲ့ အချစ်ဦးစတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သူတဦး ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂျူဝယ်လ်ဟာ တကိုယ်တော်တေးအယ်လ်ဘမ်တချပ်လည်း ထွက်ရှိထားခဲ့ပြီဖြစ်ကာ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်၊ ပပဝတီစီရင်ခန်း ရုပ်ရှင် ဇာတ်ဝင်တေးသီချင်းတွေနဲ့လည်း ပရိသတ်အားပေးမှုတွေ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ခုတခါမှာလည်း အလွမ်းအဆွေးသီချင်းတွေနဲ့ ပရိသတ်တွေ ရင်ထဲ နေရာယူနိုင်ခဲ့ တဲ့ ဂျူဝယ်လ်ရဲ့ “စိတ်ကူးအတောင်ပံများ”သီချင်းကို ဘယ်လိုပုံစံနဲ့ ဆန်းသစ်သီဆိုထား မလဲဆိုတာကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“ရင်မှာ မျှော်လင့်လို့… အတောင်ပံလေးများ ရရှိလိုက်ချင်… ကမ္ဘာအပြင်ကို ပြေး ထွက်… အချစ်ရေကောင်းမယ်… တို့စိတ်ကူးတိုင်း မဖြစ်… မျှော်လင့်တမ်းတ မွန်းကြပ် လို့နေ… အတောင်ပံတွေလည်းမရှိ… အချစ်ရေခက်တယ်”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013