DVB Logo
Home
မြန်မာသတင်း
မိုးညိုမြို့နယ်၌ ကိုဗစ် လူနာအမှတ် ၁၇၁၃ နှင့် ထိတွေ့ခဲ့သူ ၃ ဦး နှင့် ရန်ကုန်ပြန် ၁ ဦး ပိုးတွေ့
DVB
·
September 15, 2020
မိုးညိုမြို့နယ်၌ ကိုဗစ် လူနာအမှတ် ၁၇၁၃ နှင့် ထိတွေ့ခဲ့သူ ၃ ဦး နှင့် ရန်ကုန်ပြန် ၁ ဦး ပိုးတွေ့
1 / 2
Donate to DVB

ပဲခူးတိုင်း၊ မိုး​ညိုမြို့မှာ ကိုဗစ်-၁၉ လူနာအမှတ် (၁၇၁၃)နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ၃ ဦးနဲ့ ရန်ကုန်ကနေ ပြန်လာပြီး သံသယလူနာအဖြစ် မိုးညိုဆေးရုံမှာ တက်ရောက်ကုသနေသူ ၁ ဦးတို့ ရောဂါ ကူးစက်ခံရတယ်လို့ မိုးညိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံကနေ သိရပါတယ်။

မိုးညိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က "ကနေ့တွေ့တဲ့ လေးယောက်က ပထမ ပိုးတွေ့လူနာရဲ့မိန်းမ၊ ကလေးနဲ့ ယောက္ခမရယ်၊ ရန်ကုန်ပြန်  တစ်ယောက်ရယ်ပါ၊ ကွာရန်တင်းမှာ ထားတဲ့ လူတွေချည်းပါပဲ။ မိုးညိုမြို့နယ်မှာ ၅ ယောက်ရှိသွားပြီ ဖြစ်တဲ့အတွက် ကျနော်တို့ အရင်ကထက်ပိုပြီး အများကြီး ဂရုစိုက်ရပါတော့မယ်" လို့ပြောပါတယ်။

အဆိုပါ အတည်ပြုလူနာ ၄ ဦးဟာ ရေကင်းအုပ်စု၊ ကျွန်းကလေးကျေးရွာက Case ၁၇၁၃ နဲ့ ထိတွေ့သူ ၄၈ ဦးရဲ့ ပထမအကြိမ် ဓာတ်ခွဲနမှုနာစစ်ဆေးမှု ရလဒ်အရ နေအိမ် အတူနေသူ ၃ ဦးမှာ  ရောဂါပိုး တွေ့ရှိခဲ့တာပါ။

တစ်ဦးကတော့ မိုးညိုမြို့နယ်၊ ရွှေဥဒေါင်းရပ်ကွက်က အသက် (၂၇)နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး သူဟာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင် ရပ်ကွက်ကို တပတ်ခန့် သွားရောက်ခဲ့ပြီး သြဂုတ်လ ၂၇ ရက်နေ့မှာ မိုးညိုမြို့ကို ကိုယ်ပိုင်ကားနဲ့ ပြန်လည် ရောက်ရှိလာခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၀ ရက်လောက်စပြီး  နှာစေးတာနဲ့  ပြီးခဲ့တဲ့ တပတ် လောက်က စတင်ပြီး အနံ့၊ အရသာမရရှိ စတာတွေကို ခံစားရတာကြောင့် မိုးညိုဆေးရုံမှာ သီးခြားထားကုသနေ​ရာမှ swabထုတ်ယူစစ်ဆေးတဲ့အခါ ရောဂါပိုးတွေ့ရှိတာလို့ မိုးညိုမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။

အတည်ပြု လူနာ ၄ ဦးကို စက်တင်ဘာ ၁၄ ရက် ညနေပိုင်းမှာပဲ မိုးညိုမြို့နယ်၊ လက်ပံတန်း မြို့နယ်၊ မင်းလှမြို့နယ်နဲ့ စစ်ကွင်းမြို့တို့က လူမှုကူညီကယ်ဆယ်ရေးကားတွေနဲ့ သာယာဝတီ ခရိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့  မိုးညိုမြို့နယ် ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ မိုးညိုမြို့နယ် ကျန်းမာရေးဦးစီးဌာနအနေနဲ့ အတည်ပြုလူနာတွေနဲ့ ထိတွေ့ထား သူတွေကို စုံစမ်းဖော်ထုတ်ပြီး ကွာရန်တင်းထားရှိဖို့ ဆောင်ရွက်နေပါတယ်။

မိုးညိုမြို့နယ်မှာ ဒီနေ့အနထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၅ ဦးထိ တွေ့ရှိထားပြီး အလွန်အရေးကြီးတဲ့ အချိန်ကာလကို ရောက်ရှိနေပြီဖြစ်လို့  မြို့နေပြည်သူတွေအနေနဲ့ မိမိအိမ်မှာ နေကြဖို့၊ အပြင်ထွက်ဖို့ လိုအပ်ပါက Maskကို စနစ်တကျဝတ်ဆင်ကြဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းနှိုးဆော်နေပါတယ်။

သတင်း- ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013