DVB Logo
Home
မြန်မာသတင်း
ကိုရီးယား F4 မင်းသား ဂျီဟို အွန်လိုင်းဂီတဖျော်ဖြေပွဲ ကြည့်ရှုနိုင်
DVB
·
September 14, 2020
ကိုရီးယား F4 မင်းသား ဂျီဟို အွန်လိုင်းဂီတဖျော်ဖြေပွဲ ကြည့်ရှုနိုင်
Donate to DVB

       ကိုရီးယား F4 ရုပ်သံစီးရီးစ်ထဲမှာ ပါဝင်တဲ့ ဂျီဟိုဇာတ်ကောင်အနေနဲ့ မြန်မာပရိသတ်တွေ ရင်းနှီးကြတဲ့ သရုပ်ဆောင်အဆိုတော် ကင်ဟွန်ဂျွန်းရဲ့ အွန်လိုင်းဂီတဖျော်ဖြေပွဲကို လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

       နာမည်ကျော် ကေပေါ့ပ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ SS 501 အဖွဲ့ရဲ့ အဖွဲ့ဝင်တ ယောက်လည်းဖြစ်တဲ့ ကင်ဟွန်ဂျွန်းရဲ့ ဖျော်ဖြေပွဲကို မြန်မာနိုင်ငံက ကြည့်ရှုလိုတဲ့ ပရိ သတ်တွေကတော့ လက်မှတ်တွေကိုတော့ Myanpwel ကတဆင့် ကြိုတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းကိုတော့ တစောင်ကို ကျပ် ၄၅,၀၀၀ နှုန်းသတ်မှတ်ထားပြီး လာ မယ့် စက်တင်ဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားဝယ်ယူနိုင်မှာဖြစ်တယ်လို့  ကြေညာထားပါတယ်။

       အသက် ၃၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကင်ဟွန်ဂျွန်းဟာ ၂၀၀၅ ခုနှစ်မှာ SS 501 အ ဖွဲ့ဝင်တယောက်အနေနဲ့ ဂီတအနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့ပြီး အဖွဲ့ လိုက် ပထမဆုံးတေးအယ်လ်ဘမ် Warning ၊ ဒုတိယမြောက် မီနီတေးအယ်လ်ဘမ် Snow Prince တို့က သူတို့ကို ပရိသတ်အားပေးမှုအခိုင်အမာ ရရှိစေခဲ့ပြီး မျက်နှာသစ် အနုပညာထူးချွန်ဆုတွေ  ဆွတ်ခူးရရှိစေခဲ့ပါတယ်။

       အဲဒီနောက် ၂၀၀၇ ခုနှစ်ထွက် Kokoro တေးအယ်လ်ဘမ်ကတော့ ဂျပန်ပရိသတ် တွေကြားမှာပါ အားပေးမှုတွေ မြင့်တက်ခဲ့ပြီး Japan Gold Disc Award ဆုချီးမြှင့်ပွဲမှာ မျက်နှာသစ်အနုပညာရှင်ဆု ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

       ၂၀၀၈ ခုနှစ်မှာတော့ ကင်ဟွန်ဂျွန်းဟာ F4 ချစ်သူဆိုပြီး မြန်မာပြည်မှာ နာမည်ကြီး တဲ့ Boys Over Flowers ဒရာမာရုပ်သံစီးရီးစ်ထဲမှာ ပါဝင်ပြီး သရုပ်ဆောင်အနုပညာဘက် မှာပါ အောင်မြင်မှုတွေ ရရှိခဲ့ပြန်ပါတယ်။

       ဒီရုပ်သံစီးရီးစ်ဟာ ကိုရီးယားနိုင်ငံတင်မက တခြားအာရှနိုင်ငံတွေထိပါ လူသိများ အားပေးမှုတွေရရှိခဲ့ပြီး ကင်ဟွန်ဂျွန်းဟာ ဒီစီးရီးစ်နဲ့ ၂၀၀၉ ခုနှစ်မှာ Seoul International Drama Award ဆုနဲ့ Baeksang Arts Award ဆုတွေ အသီးသီး ရရှိခဲ့တာပါ။

       အဲဒီနောက် ၂၀၁၁ ခုနှစ်မှာတော့ ကင်ဟွန်ဂျွန်းရဲ့ ပထမဆုံးသော ဆိုလိုတေးအယ် လ်ဘမ်ဖြစ်တဲ့ Break Down ထွက်ရှိနိုင်ခဲ့ပြီး ပထမဆုံးသော ဂျပန်လိုသီဆိုထားတဲ့ ဆိုလို တေးအယ်လ်ဘမ် Unlimited ကိုတော့ ၂၀၁၂ ခုနှစ်မှာ ထပ်မံထွက်ရှိနိုင်ခဲ့ကာ အားပေးတဲ့ ပရိသတ်တွေ အခိုင်အမာ ရရှိခဲ့တဲ့ တေးအဘ်လ်ဘမ်တွေ ဖြစ်လာခဲ့ပါတယ်။

       အဲဒီနောက်မှာတော့ ကင်ဟွန်ဂျွန်းဟာ ကိုရီးယားလိုရော ဂျပန်လိုပါ သီဆိုထားတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ သီဆိုရင်း နယ်လှည့်ဖျော်ဖြေမှုတွေ၊ ရုပ်သံဒရာမာ စီးရီးစ်တွေမှာ ပါဝင်သရုပ်ဆောင်မှုတွေနဲ့အတူ လက်ရှိအချိန်ထိ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

       လတ်တလောမှာတော့ သူ့ရဲ့ A Bell of Blessing လို့ အမည်ပေးထားတဲ့ အွန်လိုင်း လိုက်ဖ်ဂီတဖျော်ဖြေပွဲကို အောက်တိုဘာလ ၃ ရက်နေ့ည မြန်မာစံတော်ချိန် ၇ နာရီခွဲမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

       လက်မှတ်ဝယ်ယူလိုတဲ့ ပရိသတ်တွေအနေနဲ့ ဖော်ပြပါ Myanpwel ရဲ့ အင်တာ နက်စာမျက်နှာ https://www.myanpwel.com/event/detail/2619/2020-kim-hyun-joong-from-the-distance-concert-a-bell-of-blessing?fbclid=IwAR0rj7ghHsteyr6hKGqE-kEd8s6N7xq3YP-Ww4l05E2W3X2O8dNIJY6UtLI  ကတဆင့် အသေးစိတ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013