Homeမြန်မာသတင်း
ကိုဗစ်-၁၉ လူနာ အမျိုးသား ၂ ဦးထပ်မံသေဆုံး၊ မြန်မာနိုင်ငံ၌ သေဆုံးသူ စုစုပေါင်း ၂၆ ဦးရှိလာ
ကိုဗစ်-၁၉ လူနာ အမျိုးသား ၂ ဦးထပ်မံသေဆုံး၊ မြန်မာနိုင်ငံ၌ သေဆုံးသူ စုစုပေါင်း ၂၆ ဦးရှိလာ
DVB
·
September 14, 2020
ကိုဗစ်-၁၉ ရောဂါနဲ့ လူနာ အမျိုးသား ၂ ဦး ထပ်မံသေဆုံးသွားပြီး မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက သေဆုံးသူစုစုပေါင်း ၂၆ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
မြောက်ဥက္ကလာပဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၇၀) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-2504) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းရောဂါနဲ့ စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီက သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
အလားတူ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၇၂) နှစ် အရွယ် ဆီးချိုရောဂါ၊ သွေးတိုး နှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိ အမျိုးသား (Case-1987) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းရောဂါနဲ့ စက်တင်ဘာ ၁၄ ရက် မနက် ၆ နာရီ ၃၆ မိနစ်က သေဆုံး သွားခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြလူနာ ၃,၀၁၅ ဦး၊ သေဆုံးသူ ၂၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၉၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၇၀ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။