DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး၏ ကိုယ်ရေးအရာရှိ ကိုဗစ်- ၁၉ ကူးစက်ခံရ
DVB
·
September 14, 2020
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး၏ ကိုယ်ရေးအရာရှိ ကိုဗစ်- ၁၉ ကူးစက်ခံရ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်တဲ့ ဦးခင်မောင်တင်ရဲ့ ကိုယ်ရေးအရာရှိဖြစ်သူမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိရတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဒုတိယဝန်ကြီးနဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိတို့ကို တစ်ရက်တည်းစစ်ဆေးတာမှာ အခုလိုတွေ့ရှိတာဖြစ်ပါတယ်။

“ ဒုတိယဝန်ကြီး ဦးခင်မောင်တင်ရဲ့ Swab test က Negative ဖြစ်ပါတယ်။ သူ့ရဲ့ PSO မှာ Positive ဖြစ်ပါတယ်။ ဒုတိယ ဝန်ကြီးနဲ့ PSO တို့ကို တစ်ရက်တည်း စစ်ဆေးခြင်းတာဖြစ်ပြီး အခု ဒုဝန်ကြီးက Hotel Quarantine ဝင်နေပါတယ်။ ရက်ပိုင်းအတွင်း ထပ်စစ်မှာဖြစ်ပါတယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သမ္မတရုံးက လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာရှိတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး သမ္မတအိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တွေကိုပါ ရောဂါ ရှိ မရှိ ထပ်မံစစ်ဆေးခဲ့ရာမှာ  သတင်းထောက်တစ်ဦးမှာ ပိုးတွေ့ခဲ့ ပါတယ်။

နေပြည်တော်မှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့ အတည်ပြုလူနာ  စုစုပေါင်း ၃၄ ဦး ရှိတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013