DVB Logo
Home
စီးပွားရေး
မသန်စွမ်းသူအပေါ် နားလည်စေရန် ပညာပေးရုပ်သံ ထုတ်လွှင့်မည်
DVB
·
June 27, 2013
Donate to DVB

မသန်စွမ်းသူတွေအပေါ် လူမှုအသိုင်းအ၀ိုင်းက နားလည်လာစေဖို့ ရည်ရွယ်ရိုက်ကူးခဲ့တဲ့  အသိပညာပေး ဇာတ်လမ်းတိုကို မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသဖို့အတွက် ဦးစီးလုပ်ဆောင်နေသူတွေက မြန်မာ့အသံနဲ့ ညှိနှိုင်းနေပါတယ်။

ဥာဏ်ရည်မသန်စွမ်းကလေးတွေ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ မိသားစုရဲ့ နားလည်မှုအကြောင်းကို သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းအမည်ကို “ခဏ အငှား
ခံစားကြည့်ပါ” လို့ ပေးထားတယ်လို့ ဇာတ်လမ်းဖန်တီးသူတွေက ပြောပါတယ်။

ဇာတ်လမ်းတိုကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် စာတမ်းထိုးပြီး အကြားအာရုံ မသန်စွမ်းသူများနဲ့ နိုင်ငံခြားသားများပါ အလွယ်တကူ ကြည့်ရှုနိုင်ဖို့ စီစဉ်ထားပါတယ်။

မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့နဲ့ ActionAid Myanmar တို့ ပူးတွဲ စီစဉ်တင်ဆက်တာ  ဖြစ်ပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ သမီး မြတ်ကျော်က ရိုက်ကူးပုံဖော်ထားတာပါ၊

ဒီဇာတ်လမ်းတိုကို ရေးသားတဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က  ဦးအောင်ကိုမြင့်က ရိုက်ကူးရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

“ဥာဏ်ရည် မသန်စွမ်းတဲ့ကလေးတွေအပေါ်မှာ မိဘအပါအ၀င် ပြည်သူလူထုက မြင်နေတဲ့ အမြင်လွဲမှားမှုတွေ၊ သူတို့အပေါ်နားမလည်နိုင်တဲ့ အတိုင်းအတာတွေကို နားလည်စေချင်တဲ့ အမြင်နဲ့ အသိပညာပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ခဲ့တာဖြစ်ပါတယ်။”

ဒီဇာတ်လမ်းတိုကို ရေကြည်အဖွဲ့ခွဲမှ ကိုယ်အင်္ဂါမသန်စွမ်းသူ ကိုဝေဖြိုးအောင်နဲ့ Future Stars အဖွဲ့မှ ဥာဏ်ရည်မသန်စွမ်း ကလေးငယ် မောင်ကောင်းထွန်းတို့နဲ့အတူ အနုပညာရှင်တွေက မေတ္တာနဲ့ ပါဝင် သရုပ်ဆောင်ကူညီပေးထားတယ်လို့လည်း ဆိုပါတယ်။

မသန်စွမ်းဆိုင်ရာ အသိပညာပေးသင်တန်းတွေကို ဋ္ဌာနဆိုင်ရာနဲ့ မိတ်ဖက်လူမှုအဖွဲ့အစည်းတွေ အပြင် ပြည်သူလူထုထံကိုလည်း အခမဲ့ဖြန့်ဝေပေးသွားမှာ ဖြစ်တဲ့အကြောင်းလည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013