DVB Logo
Home
Lead Story
မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ စတင်ရောင်းချ(ဓာတ်ပုံ)
DVB
·
September 14, 2020
မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ စတင်ရောင်းချ(ဓာတ်ပုံ)
1 / 19
Donate to DVB

အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် လက်ဆောင်ပစ္စည်းတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ဒီကနေ့စတင်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

       မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးရဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ်မှာတော့ အမှတ်တရလက်ဆောင်ပစ္စည်းတွေရဲ့ ဓာတ်ပုံတွေကို ဈေးနှုန်းတွေနဲ့ ယှဉ်တွဲဖော်ပြထားပြီး ခုလိုရေးသားအသိပေးထားခဲ့တာကို တွေ့ရပါတယ်။

       “မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အမှတ်တရပစ္စည်းများ တနင်္လာနေ့မှ စ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ဝယ်ယူအားပေးနိုင်ပါသည်”

မြန်မာ့ရုပ်ရှင်ဟာ အာရှဒေသတွင်း သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောက တွေထဲက တခုဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ သက်တမ်းနှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ့ ပထမဦးဆုံးသော ရုပ်ရှင်ကားကတော့ ၁၉၂၀ ခုနှစ်က ဦးထွန်းရှိန် (ဝိုင်အမ် ဘီအေ ခေါင်းဆောင်နဲ့ အမျိုးသားရေးရှေ့နေ)ရဲ့ နာရေးအခမ်းအနားကို သက်ဝင်ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ရုပ်ရှင်ဟာ မြန်မာ့အမျိုးသားရေး နိုးကြားတက်ကြွလာစေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကတော့ လတ်တလော ကမ္ဘာ့နိုင်ငံတွေအနှံ့ ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပမယ့် ရက် ကို တိတိကျကျ မသိနိုင်သေးဘဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြား ကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေတာတွေ၊ ဉာဏ်စမ်းပဟေဠိအစီအစဉ်တွေ၊ ရုပ်ရှင် ဇာတ်လမ်းတိုပြိုင်ပွဲတွေအပါအဝင် တခြားလှုပ်ရှားမှုတွေလည်း လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013