DVB Logo
Home
မြန်မာသတင်း
ကြည့်မြင်တိုင်မြို့နယ်စည်ပင်ရုံး Lockdown ချ
DVB
·
September 14, 2020
ကြည့်မြင်တိုင်မြို့နယ်စည်ပင်ရုံး Lockdown ချ
Donate to DVB

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ပြီးနောက် သူနဲ့ထိတွေ့ခဲ့တဲ့ ဝန်ထမ်းတွေကို ကွာရန်တင်းထားရှိပြီး ရုံးကိုလည်း Lockdown ချထားလိုက်ပါတယ်။ 

ကြည့်မြင်တိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးလှမျိုးထွန်း “ ရုံးကို Lockdown ချလိုက်ပါပြီ” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက် ညပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ ကြည့်မြင်တိုင်မြို့နယ်မှာ ပိုးတွေ့သူ ၇ ဦးရှိခဲ့ပြီး မြို့နယ်စည်ပင်ဥက္ကဋ္ဌလည်း ပါဝင်ခဲ့တာပါ။

ဥက္ကဋ္ဌမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ကော်မတီဝင် ၁၊ ၂၊ အတွင်းရေးမှူး၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး အပါအဝင် အထိစပ်ဆုံးဝန်ထမ်းတွေကို ကွာရန်တင်း ထားရှိလိုက်ပါတယ်။

ဒါ့အပြင် ကျန်တဲ့ဝန်ထမ်းတွေကိုလည်း ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးတာတွေ ပြုလုပ်သွားမယ်လို့  ဦးလှမျိုးထွန်းက ပြောပါတယ်။

ကြည့်မြင်တိုင်စည်ပင်ဥက္ကဋ္ဌဟာ ခရီးသွားရာဇင်မရှိသလို ဘယ်က ကူးစက်ခံရမှန်းမသိဘဲ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့တာပါ။

သူနဲ့ ထိစပ်သူတွေကို လိုက်လံစုံစမ်းပြီး ကွာရန်တင်းထားဖို့ ပြင်ဆင်နေတယ်လို့ ကြည့်မြင်တိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်ကပြောပါတယ်။

“စည်ပင်ဥက္ကဋ္ဌဆိုတော့ ထိတွေ့သူတွေက များမယ်။ လိုက်စုံစမ်းပြီး Home Quarantine နေခိုင်းဖို့ စီစဉ်နေပါတယ်။ History မရှိဘူးဗျ။ ဘယ်ကကူးမှန်းမသိဘူး”

စက်တင်ဘာ ၁၃ ရက် ညပိုင်းအထိစာရင်းတွေအရ ကြည့်မြင်တိုင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀နီးပါး ရှိနေပါတယ်။ 

ကြည့်မြင်တိုင်မြို့နယ်ဟာ Stay at Home ၂၈ မြို့နယ်မှာ ပါဝင်ပြီး လမ်းတွေကို ပိတ်ထားပေမယ့် ကူးစက်လူနာသစ်တွေ ထပ်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

သတင်း- ဇေယျာချမ်းအေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013