DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းပြီးမှ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုဖို့ လွှတ်တော်က ဆုံးဖြတ်
DVB
·
June 26, 2013
ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းပြီးမှ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုဖို့ လွှတ်တော်က ဆုံးဖြတ်
Donate to DVB

ဆက်သွယ်ရေးဥပဒေပြဌာန်းပြီးမှ ဆက်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုဖို့ အရေးကြီးအဆို အောင်မြင်သွားတဲ့အတွက် အစိုးရကလုပ်နေတဲ့ ဆက်သွယ်ရေးဆိုင်ရာ လုပ် ငန်းတွေ ရပ်နားထားရမလို ဖြစ်နေပါတယ်။

ဇွန် ၂၇ ရက်မှာ အစိုးရက ဆက်သွယ်ရေးတင်ဒါအောင်မြင်တဲ့ နိုင်ငံခြား ဆက်သွယ်ရေး အော်ပရေတာ ၂ ခုစာရင်း ထုတ်ဖော်ကြေညာဖို့ ရှိနေချိန်မှာ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ထဲ အခုလို အရေးကြီးအဆို တင်ပြီး အောင်မြင်ခဲ့တာပါ။

လွှတ်တော်ထဲ အရေးကြီးအဆိုတင်သွင်းခဲ့ပုံနဲ့ အဲဒီအဆိုအောင်မြင်သွားတာကြောင့် အစိုးရက ကြေညာမယ့် ဆက်သွယ်ရေးတင်ဒါကိစ္စ နှောင့်နှေးသွားဖို့ရှိကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
“တနိုင်းမဲဆန္ဒနယ်က ဦးမျိုးဆွေက ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီ အတွင်းရေးမှူး၊ သူတင်တာက ဆက်သွယ်ရေးဥပဒေလို့

သီးခြားဥပဒေတခုပြဋ္ဌာန်းပြီးမှ နိုင်ငံခြား၊ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေကို ဆက်သွယ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကန်ထရိုက်တင်ဒါခေါ်ဖို့၊ လုပ်ငန်းအပ်နှံဖို့ကို အရေးကြီးအဆိုတင်တာ။ အရေးကြီးအဆိုဖြစ်တော့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြန်ဆွေးနွေးခွင့်၊ အပြန်အလှန် ချေပပြောဆိုခွင့်တွေ မရှိတော့ဘဲ ထောက်ခံသူတယောက်က ထောက်ခံပြီး လွှတ်တော်သဘောထားရယူပြီး လွှတ်တော်ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တယ်။ ဦးမျိုးဆွေရဲ့ အဆိုကြောင့် မနက်ဖြန်လောက်မှာ ထုတ်ပြန်ကြေညာဖို့ရှိတဲ့ ဆက်သွယ်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ တင်ဒါ၊ နိုင်ငံခြားကုမ္ပဏီတွေ ဘယ်ကုမ္ပဏီ တင်ဒါအောင်မယ်ဆိုတဲ့ ကိစ္စက နှောင့်နှေးသွားဖွယ် ရှိတယ်။”

ဒီအရေးကြီးအဆိုကို လွှတ်တော်က အစိုးရအဖွဲ့ထံ သ၀ဏ်လွှာပို့ အကြောင်းကြားမှာ ဖြစ်ပါတယ်။

လွှတ်တော်ထဲ  အရေးကြီးအဆို အောင်မြင်ခဲ့တဲ့အတွက် အစိုးရအနေနဲ့ ဇွန် ၂၇ ရက်နေ့ ကြေညာဖို့ရှိတဲ့ တင်ဒါကိစ္စ ရပ်ထားရမယ့်သဘောရှိတယ်လို့ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

“လွှတ်တော်ထဲမှာ လက်ပန်းတောင်းတောင်ကိစ္စ၊ ကော်မရှင်ဖွဲ့ဖို့ အရေးကြီးအဆိုအောင်မြင်တယ်ဆိုရင်တော့ ကော်မရှင်ဖွဲ့ပြီး လုပ်ငန်းတွေလုပ်ရတာရှိတယ်။ ဆက်သွယ်ရေးကိစ္စကလည်း လွှတ်တော်က ဆုံးဖြတ်လိုက်တယ်ဆိုရင်တော့ အစိုးရကလည်း မနက်ဖြန်ရပ်ထားရမယ့် သဘောရှိတယ်။”

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ထဲ ဆက်သွယ်ရေးကိစ္စအပါအ၀င် အရေးကြီးအဆို ၂ ခုတင်ခဲ့ပြီး၊ နောက်တခုကတော့ နေပြည်တော်မှာလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို စီစဉ်ကျင်းပခဲ့တဲ့ အစိုးရကို ချီးကျုးဂုဏ်ပြုကြောင်း အဆိုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013