DVB Logo
Home
မြန်မာသတင်း
မလေးပြန် မြန်မာအလုပ်သမား ၅၀၀ ကျော် ဝန်ကြီးဌာနကို အလုပ်လျှောက်
DVB
·
June 26, 2013
မလေးပြန် မြန်မာအလုပ်သမား ၅၀၀ ကျော် ဝန်ကြီးဌာနကို အလုပ်လျှောက်
Donate to DVB

မလေးရှားကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့ အလုပ်သမားတွေထဲက ၅၇၇ ဦးဟာ ပြည်တွင်းမှာ ပြန်လည်အလုပ်လုပ်ကိုင်ဖို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနကို အလုပ်လျှောက်လွှာတွေ တင်ထားကြပါတယ်။

ဒီလ ၁၉ ရက်ကနေ ၂၅ ရက်အထိ စာတိုက်ကနေတဆင့် အလုပ် လျှောက်လွှာ တင်တဲ့အရေအတွက် ၁၉၀ တိတိရှိပြီး ဝန်ကြီးဌာနက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပြန်လာသူတွေကို စောင့်ဆိုင်းပြီး ကောက်ခံရရှိခဲ့တဲ့ အလုပ်လျှောက်လွှာ အရေအတွက်က ၂၉၀ ကျော် ရှိတယ်လို့ လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောပါတယ်။

[caption id="attachment_41030" align="alignleft" width="300" caption="မလေးရှားပြန် မြန်မာအလုပ်သမားအချို့"][/caption]

အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်က “မနေ့က ရန်ကနု ၈ မိုင်မှာရှိတဲ့ အလုပ်ရုံအလုပ်သမားဥပဒေ စစ်ဆေးရေး ညွှန်ချုပ် ဦးဝင်းရှိန်နဲ့ အလုပ်သမားညွှန်ကြားရေးက ဒု-ညွှန်ချုပ် ဦးစောနိုင်ဦးစီးပြီး အလုပ်ရှင်တွေအဖွဲ့ကို ခေါ်တွေ့ပြီး ပဏာမချိတ်ဆက်ဆောင်ရွက်မှုတော့ လုပ်ထားပြီးပြီ။ များသောအားဖြင့် အထွေထွေလုပ်သား၊ ယာဉ်မောင်း၊ ရုံးအကူတို့၊ လုံခြုံရေးတို့ ခေါင်းစဉ်တွေနဲ့ လုပ်ငန်းလိုအပ်တဲ့အင်အားတွေ ပေးတာရှိတယ်။ ပြန်လာပြီး အလုပ်အကိုင်လိုအပ်နေသူတွေကို ကျနော်တို့က အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်အကိုင်ရှာဖွေပေးဖို့ တာဝန်ရှိပါတယ်။ ဆောင်ရွက်ပေးနေပါတယ်” လို့ ပြောပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားတချို့ တိုက်ခိုက်သတ်ဖြတ်ခံရတာတွေ ဖြစ်ပေါ်ခဲ့ရာကနေ စခဲ့တဲ့ မငြိမ်မသက်မှုတွေကြောင့် မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ လူ ၁၀၀၀ ကျော် စာရင်းပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မလေးရှားကို အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းဖို့ အလုပ်သမားဝန်ကြီးဌာနက ဒီလဆန်းပိုင်းမှာ ညွှန်ကြားချက် ထုတ်ပြန်မှုကြောင့် ပြည်တွင်းက အ လုပ်အကိုင်ရှာဖွေးပေးနေတဲ့ အေဂျင်စီတွေရဲ့ လုပ်ငန်းတွေ သိသိသာသာလျော့ကျလာတယ်လို့ ရန်ကုန်ဝင်းစတား ပြည်ပအလုပ်အကိုင်ရှာဖွေပေးရေးအေဂျင်စီက မန်နေဂျင်းဒါရိုက်တာ ဦး ကျော်ဝင်းက ပြောပါတယ်။
“အလုပ်သမားဌာနကလည်း ဖွင့်မပေးတော့ အား

လုံးစောင့်နေကြတယ်။ ပုံမှန်အတိုင်း ပို့နေရရင်တော့ ကုမ္ပဏီလည်ပတ်မှုက ကောင်းမယ်။ အခု မပို့ရတော့ ထိုင်နေရတယ်။ မဖွင့်ဘဲ ကြာကြာထားရင်တော့ တရားဝင်သွားတာ နည်းသွားပြီး အောက်လမ်းက ပိုသွားကြလိမ့်မယ်။ မလေးရှားကို သွားမှဖြစ်တဲ့လူတွေရှိတယ်။ အဲတော့ တရားဝင်သွားလို့ မရမယ့်အတူတူ အောက်လမ်းက သွားတဲ့ခေတ် ပြန်ရောက်သွားလိမ့်မယ်။”

မလေးရှားမှာ မေလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦး သေဆုံးပြီး လူ ၂၄ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။

မလေးရှားမှာ တရားဝင်အလုပ်သမား သုံးသိန်းနဲ့ တရားမဝင် လေးသောင်းလောက်ရှိတယ်လို့ မလေးရှားဆိုင်ရာ မြန်မာသံအမတ်ဦးတင်လတ်ရဲ့ပြောကြားချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013