DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာပမြို့နယ်နေ AGD ဘဏ် ဝန်ထမ်းနှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
September 13, 2020
တောင်ဥက္ကလာပမြို့နယ်နေ AGD ဘဏ် ဝန်ထမ်းနှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နေ လမ်းမတော် AGD ဘဏ်ရုံးချုပ်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းနှစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ခဲ့တယ်လို့ တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ဒီကနေ့ အတည်ပြုပါတယ်။

“ကျနော်တို့လည်း သံသယရှိတော့ လူနာတင်ယာဉ်နဲ့ခေါ်ပြီး စံပြဆေးရုံကို ပို့ခဲ့ပါတယ်။ အခု ဆေးရုံမှာ စောင့်ကြည့်လူနာ ဖြစ်နေတယ်။ ကုသရေးဆေးရုံတွေကို ပို့ရမှာပေါ့။ ဖောင်ကြီးတို့ ဝေဘာဂီတို့ တောင်ဥက္ကလာတို့ပေါ့” လို့ ဒေါက်တာစောနိုင်က ပြောပါတယ်။

ပိုးကူးခံရသူနှစ်ဦးဟာ လင်မယားဖြစ်ပြီး သူတို့ရဲ့ မိသားစုဝင် နှစ်ဦးကိုလည်း Quarantine စင်တာပို့ဖို့ တာဝန်ရှိသူတွေက စီစဉ်နေပါတယ်။

ပိုးတွေ့ ဘဏ်ဝန်ထမ်းနှစ်ဦးဟာ သူတို့ကိုယ်သူတို့ သံသယရှိတဲ့အတွက် တောင်ဥက္ကလာမြို့နယ် ကိုဗစ်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဆီကို စက်တင်ဘာ ၁၁ ရက်နေ့က ဆက်သွယ်ခဲ့တာပါ။

စက်တင်ဘာ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းအထိ စာရင်းတွေအရ တောင်ဥက္ကလာပမြို့နယ်မှာ အတည်ပြုလူနာ ၈၃ ဦးအထိ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013