DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ဖျားနာကုဆေးခန်းများတွင် ကိုဗစ်သံသယလူနာများကို ဓာတ်ခွဲနမူနာ စတင်စစ်ဆေး
DVB
·
September 13, 2020
ရန်ကုန် ဖျားနာကုဆေးခန်းများတွင် ကိုဗစ်သံသယလူနာများကို ဓာတ်ခွဲနမူနာ စတင်စစ်ဆေး
Donate to DVB

ရန်ကုန်မြို့တွင်းရှိ ဖျားနာကုဆေးခန်းတွေမှာ  ကိုဗစ်-၁၉ သံသယလူနာတွေကို ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲနမူနာ (Swab Test)  ရယူစစ်ဆေးတာကို ပိုင်းလော့ပရောဂျက်အဖြစ် စတင်လုပ်ဆောင်နေပါတယ်။  

ဆေးရုံကြီးတွေမှာ Work load ဝန်ပိတာကို လျှော့ချနိုင်ဖို့ ဆေးရုံတက်ဖို့ မလိုအပ်တဲ့ သံသယလူနာတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ စစ်ဆေးတာကို စက်တင်ဘာ ၁၁ ရက်နေ့က စတင်ပြီး အင်းစိန်ဖျားနာကုဆေးခန်းမှာ တပတ် ၂ ရက် နဲ့ လူအယောက် ၂၀ လောက်ကို စတင်စစ်ဆေးပေးနေပါတယ်။ 

ဖျားနာကုဆေးခန်း လာရောက်သူတိုင်းကို Swab ယူမှာ မဟုတ်ဘဲ သံသယရှိတဲ့လူနာ၊  အနံ့မရတာ၊ ချောင်းဆိုးတာ၊ မောပန်းတာနဲ့ ကိုဗစ်အတည်ပြုလူနာနဲ့ Contact ရှိတဲ့သူတွေကိုသာ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနာမူနာယူ စစ်ဆေးပေးတယ်လို့ ဆိုပါတယ်။

အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ ဆေးပညာဌာန ပါမောက္ခ ဒေါက်တာဒေါ်မာမာကြည်က “အယောက် ၂၀ စစ်ပေးလိုက်တယ်။ ရွာက ကလေးတွေက ဖျားတာ ၂ ရက်ရှိပြီ၊ ချောင်းဆိုးနေတယ်၊ မောရုံတင်မဟုတ်ဘူး။ ဒီမှာ နှာခေါင်းတို့ဖတ် ဓာတ်ခွဲယူတာရှိတယ်။ အဲဒါကြောင့် ဆေးရုံတက်ခိုင်းလိုက်တယ်။ အဲဒီလိုမျိုး လူနာတွေကို ကျမတို့က ကြည့်ပေးတာပေါ့” လို့ ပြောပါတယ်။

အင်းစိန် ဖျားနာကုဆေးခန်းကနေ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးတာ အောင်မြင်ပါက တခြား မြို့နယ်တွေရဲ့ ဖျားနာကုဆေးခန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒါ့ပြင်  သံသယလူနာတွေကနေ ဓာတ်ခွဲနမူနာအဖြေတွေကို ပိုးတွေ့ရှိရင် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ဖောင်ကြီး)ကို ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ရန်ကုန် Community Fever Clinic Network တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက “Fever Clinic လာပြတယ်။ ချောင်းဆိုးတယ်၊ အနံ့မရဘူး၊ ဒါဆို ချက်ချင်းပေးမပြန်ဘူး။ အင်းစိန်ဆေးရုံမှာ နေရာတခု သတ်မှတ်ပြီး အဲဒီလူနာတွေကို ထားပြီး စောင့်ကြည့်တယ်။ ၁၀ ယောက်၊ အယောက် ၂၀ စာ ယူမယ်ဆိုရင် ထားဖို့နေရာရှိမလား ကြည့်ရသေးတယ်။ သူတို့ကို ပြွတ်သိပ်ထားလို့မရဘူး၊ လုံလောက်တဲ့ Capacity တခုတော့ ရှိမှရမယ်။ အဖြေ result စောင့်ဖို့အတွက် သူတို့ကို ထားတာ။ အဖြေ Positive ဆိုရင် အဲဒီလူနာကို ခေါ်ပြီးပို့တယ်။ Negative ဆိုရင် အဲဒီလူကို ပြန်ကြည့်ရတယ်။ Contact ရှိလား၊ မရှိဘူးလားပေါ့။ Positvie နဲ့ Contact ရှိတယ်ဆိုရင် သူ့ကို Facility Quarantine ပို့တယ်။ Contact မရှိဘူး၊ ရိုးရိုးဖျားတာ၊ Swab အဖြေ Negative ဆိုရင် သူ့ကို Home Quarantine အနေနဲ့ တပတ် ဆယ်ရက် အနားယူခိုင်းထားတယ်။ အဲဒီလိုမျိုး သတ်မှတ်ထားတယ်” လို့ ပြောပါတယ်။

လက်ရှိ  ရန်ကုန်မြို့တွင်း မြို့နယ်တချို့မှာ အခမဲ့ပြသနိုင်တဲ့ ဖျားနာကုဆေးခန်း ၂၀ အထိ  ဖွင့်လှစ်ထားရှိပြီး ကိုဗစ်သံသယလူနာတွေကို တွေ့ရှိပါက အရေးပေါ်စစ်ဆေးတာနဲ့ လိုအပ်ပါက ဆေးရုံတက် ကုသနိုင်အောင် လုပ်ဆောင်နေပါတယ်။

နန့်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013