
ရှမ်းပြည်နယ် တောင်ကြီးမြို့က ပြည်သူတွေကို တောင်ကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနက Stay at Home ကာလ စက်တင်ဘာ ၁၂ နေ့ကစပြီး ခရီးသွားထောက်ခံစာ ထုတ်မပေးတော့ဘူးလို့ သိရပါတယ်။
တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းရေးဦးစီးဌာနမှ ဒေါက်တာ မိုးထွန်းက “ခါတိုင်းက ခရီးသွားရင် အဖျားလေး ဘာလေး တိုင်းပြီး ထုတ်ပေးလိုက်တာ။ ခု ကျနော်တို့ ခရီးမသွားစေချင်လို့ပါ။ Stay at Home ကို အားပေးတဲ့သဘောနဲ့ ကန့်သတ်လိုက်တာပါ” လို့ ပြောပါတယ်။
လက်ရှိ တောင်ကြီးမြို့နယ်မှာ Stay at Home ကြေညာထားတဲ့ မြို့နယ်တွေနဲ့ ဒုတိယလှိုင်းမှာ ဒေသတွင်းကူးစက်သူ သုံးဦးရှိပြီး အခြားမြို့နယ်တွေက လာရောက်ပါက quarantine ဝင်ရမယ်လို့ ကြေညာထားပါတယ်။











