DVB Logo
Home
လွှတ်တော်/ဥပဒေရေးရာ
အစိုးရက ပဋိပက္ခဆိုင်ရာ ဥပဒေသစ် ရေးဆွဲရန်မရှိ
DVB
·
June 26, 2013
အစိုးရက ပဋိပက္ခဆိုင်ရာ ဥပဒေသစ် ရေးဆွဲရန်မရှိ
Donate to DVB

တည်ဆဲဥပဒေတွေနဲ့ လုံလောက်တာကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လောလောဆယ် ဥပဒေသစ်ပြဋ္ဌာန်းဖို့ မရှိဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားပါတယ်။

[caption id="attachment_41013" align="alignright" width="300" caption="ဦးသိန်းထွန်းဦး (ဓာတ်ပုံ - ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုဒ်)"][/caption]

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းဦးရဲ့ အမေးကို ပြန်ဖြေတာလို့ ပြည်သူ့လွှတ်တော်အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဒီမေးခွန်းမေးမြန်းမှုဟာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း သံဃာတော်တချို့က မျိုးစောင့်ဥပဒေကြမ်းတခုကို လွှတ်တော်ကိုတင်သွင်းမယ်လို့ ဥပဒေမူကြမ်းတစောင်ကို ဖြန့်ဝေခဲ့ပြီးနောက် လွှတ်တော်မှာ တင်ပြချက်ဖြစ်ပါတယ်။ အဲဒီဥပဒေမူကြမ်းထဲမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို ထိမ်းမြားလက်ထက်မယ့် ဘာသာခြားဟာ ဗုဒ္ဓဘာသာထဲကို ၀င်ရောက်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ပါရှိပါတယ်။

ပြန်လည်ဖြေကြားတဲ့ ရဲချုပ်ကျော်ကျော်ထွန်းက ပဋိပက္ခတွေကို ဥပဒေနည်းလမ်းတွေနဲ့အညီ ထိန်းသိမ်းအရေးယူခဲ့ကြောင်းနဲ့ အရေးပေါ်အခြေအနေပါ ကြေညာကိုင်တွယ်နိုင်တယ်ဆိုတာ ပြဋ္ဌာန်းထားတဲ့အတွက် တည်ဆဲဥပဒေများနဲ့ လုံလောက်မှုရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဥပဒေသစ်တရပ် ပြဋ္ဌာန်းရင် ရှိနှင့်ပြီးသား ဥပဒေတွေနဲ့ ရောထွေးသွားနိုင်တဲ့အပြင် ကျင့်သုံးသူ တွေအနေနဲ့ ဥပဒေရဲ့ အနှစ်သာရ အယူအဆတွေ ကွဲလွဲရှုပ်ထွေးနိုင်တဲ့အတွက် ဥပဒေအသစ်ပြဋ္ဌာန်းဖို့ မလိုအပ်သေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013