DVB Logo
Home
သတင်းတို
ဒေါ်လာဈေး ၁ ဒေါ်လာ ကျပ် ၁၀၀၀ ရောက်ပြီ
DVB
·
June 26, 2013
ဒေါ်လာဈေး ၁ ဒေါ်လာ ကျပ် ၁၀၀၀ ရောက်ပြီ
Donate to DVB

အမေရိကန်ဒေါ်လာရဲ့ ပြင်ပပေါက်ဈေးဟာ အခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးနှုန်းထားအဖြစ် ၁ ဒေါ်လာ ကျပ် ၁၀၀၀ ရောက်သွားပြီဖြစ်ကြောင်း ရွှေဘုံသာ နိုင်ငံခြားငွေဈေးကွက်က စုံစမ်းသိရပါတယ်။

ဇွန် ၂၆ ရက်နေ့မှာ ဒေါ်လာပေါက်ဈေး အ၀ယ် ၉၉၆ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၁ ဒေါ်လာ ကျပ် ၁၀၀၀ ဖြစ်ပါတယ်။ သိမ်ဖြူလမ်း ငွေလဲကောင်တာတွေအပါအ၀င် တရားဝင် ငွေလဲ ကောင်တာတွေမှာ အ၀ယ် ၉၅၆ ကျပ်၊ အရောင်း ၉၆၆ ကျပ် သတ်မှတ်ထားပေမယ့် လက်တွေ့ သွားဝယ်ရင် ဒေါ်လာ ကုန်နေတယ်၊ ရောင်းပေးဖို့ မရှိဘူးလို့ ဖြေကြပါတယ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး ကာလတုန်းက ဒေါ်လာဈေး ၉၅၀-၁၀၀၀ ဖြစ်ရင် ပို့ကုန်သမားတွေ အဆင်ပြေနေတာသိရက်နဲ့ ဘာကြောင့် မလုပ်တာလဲလို့ ပြောဆိုမှုအပြီး ဒေါ်လာဈေးတွေ တရိပ်ရိပ် တက်လာတာနဲ့ ဆက်စပ်နိုင်ကြောင်း နိုင်ငံခြားငွေအရောင်းအ၀ယ် လုပ်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013