DVB Logo
Home
သတင်းတို
ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် အစီအစဉ်မရှိဟု ကော်မရှင်ပြော
DVB
·
June 26, 2013
ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် အစီအစဉ်မရှိဟု ကော်မရှင်ပြော
Donate to DVB

နေပြည်တော် ဒီနေ့ မနက် ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က လစ်လပ်နေတဲ့ လွှတ်တော်အမတ်တွေရဲ့ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရှိ၊ မရှိ မေးမြန်းရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက  “၂၀၁၅  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လွတ်လပ်တရားမျှတစွာ ကျင်းပပေးနိုင်ရေးအတွက် အဓိကကျတဲ့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေဖြစ်တဲ့ မဲစာရင်း ပြုစုတာ၊ မဲဆန္ဒရှင်များတွေကို အသိပညာပေးဖို့၊ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေကို လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် သင်တန်းတွေပေးဖို့ ကြိုတင်ပြင်ဆင်တာတွေကို နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနဲ့ ပြည်ထောင်စုဝန်ကြီးဌာန အချို့မှ ဌာနဆိုင်ရာများနဲ့ ညှိနှိုင်း၍ စတင်ဆောင်ရွက်နေပါတယ်။ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အနည်းငယ်သာလစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေတွေအတွက် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဖို့ လောလောဆယ် အစီအစဉ်မရှိသေးဘူး” လို့ ဖြေကြားပါတယ်

့ပြည်ထောင်စုဝန်ကြီးတွေအဖြစ် တာဝန်ယူသူသွားသူတွေနဲ့ ကွယ်လွန်သွားတဲ့လွှတ်တော် အမတ်တွေ နေရာမှာ လစ်လပ်နေတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလလောက်မှာ ကျင်းပဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013