
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဟန့်တားနိုင်စေဖို့အတွက် နေအိမ်မှာ နေကြဖို့ အစိုးရက ညွှန်ကြားထားတဲ့ ရန်ကုန်တိုင်း မြို့နယ်တွေက ရပ်ကွက်တွေမှာ အသွားအလာကန့်သတ်တာတွေ ပြုလုပ်နေကြပါတယ်။
မြို့နယ်အတော်များများက ရပ်ကွက်တွေမှာ လမ်းအတွင်း နေထိုင်သူ၊ ဈေးသည်တွေ၊ ပစ္စည်းပို့သူ၊ သောက်ရေသန့်ပို့သူတွေကိုတော့ မူလအတိုင်း ဝင်ထွက်ခွင့်ပြုထားပေမဲ့ တချို့ရပ်ကွက်တွေမှာတော့ လမ်းအတွင်း နေထိုင်တဲ့ကားတွေသာ ဝင်ထွက်ခွင့်ပေးတယ်လို့ သိရပါတယ်။
ကျန်းမာရေးနဲ့ အရေးကြီးကိစ္စတွေကလွဲပြီး ရန်ကုန်တိုင်းပြင်ပကို စက်တင်ဘာ ၁၁ ရက်ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ ခရီးမသွားကြဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက တားမြစ်ထားပါတယ်။
Photo - JPaing ၊ Ye Myo Khant / MPA











