DVB Logo
Home
သတင်းတို
တိုင်း(မ်) မဂ္ဂဇင်းကို ထုတ်၊ ရောင်း၊ ဖြန်ချိမှု မလုပ်ရန် အစိုးရ ကြေညာ
DVB
·
June 26, 2013
တိုင်း(မ်) မဂ္ဂဇင်းကို ထုတ်၊ ရောင်း၊ ဖြန်ချိမှု မလုပ်ရန် အစိုးရ ကြေညာ
Donate to DVB

ဦးဝီရသူကို မျက်နှာဖုံးတင်ပြီး ရေးသားထားတဲ့ တိုင်း(မ်) မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွားပြီးဖြစ်စေ ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ချိတာတွေ မပြုလုင်ဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက်နေ့ ညမှာ ကြေညာချက်ထုတ်ပြန်လိုက်သည်။

တိုင်း(မ်) မဂ္ဂဇင်းပါ ဖော်ပြချက်ဟာ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်တွေ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ဖို့် ဇူလိုင်လ ၁ ရက်နေ့ထုတ်ဝေဖြန့်ချိမယ့် တိုင်းမ် မဂ္ဂဇင်း Vol 182, No. 1 ကို ထုတ်၊ ရောင်း၊ ဖြန့်ချိတာတွေ မလုပ်ဖို့ ကြေညာလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်း(မ်) မဂ္ဂဇင်းပါ ဖော်ပြချက်ဟာ နှစ်ပေါင်းထောင်ချီ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်တဲ့ ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံတို့အကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတရုံးကလည်း ဇွန်လ၂၃ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013