Home
သတင်းဓာတ်ပုံ
မုံရွာမြို့ လမ်းဘေးရေမြောင်းတွင် မိချောင်းပေါက် ၁ ကောင် ဖမ်းမိ (ဓာတ်ပုံ)
Aung Ko Latt
·
September 11, 2020
119004996_1417211595150498_1994603270512734577_n
119152499_1417211518483839_3918975988375963158_n
119060472_1417211558483835_1428314557296707253_n
119040562_1417211825150475_7350489183478778105_n
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာဦးရပ်ကွက်၊ ရတနာလမ်းဘေးရှိ ရေမြောင်းမှာ သားပေါက်တကောင် ဖမ်းဆီးမိခဲ့ပါတယ်။ ရပ်ကွက်နေသူတွေက စက်တင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက မိချောင်းပေါက်လေးတွေ တွေ့ရှိတယ်ဆိုပြီး သတင်းတွေ ပျံ့နှံ့ခဲ့ပြီးနောက် နေ့လယ်ပိုင်းမှာ မြို့နယ်၊ ခရိုင်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေက လာရောက်ကာ ရှာဖွေခဲ့ကြတာပါ။ ညနေ ၃ နာရီခန့်အချိန်မှာတော့ မိကျောင်းပေါက်လေးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ်ကျန်သေးတယ်ဆိုတဲ့ သတင်းတွေအရ ဆက်လက်ရှာဖွေနေတယ်လို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောပါတယ်။ "လောလောဆယ်ဖမ်းမိတဲ့ မိကျောင်းကိုတော့ သက်ဆိုင်ရာကို အပ်နှံပေးသွားမယ်။ နောက်ထပ် ကျန်သေးတယ်ဆိုလို့လည်း ရှာဖွေနေတယ်။ ဘယ်ကဘယ်လိုရောက်တယ်ဆိုတာတော့ မသိရသေးပါဘူး။" မိကျောင်းက ဘယ်လိုရောက်လာတယ်ဆိုတာကိုတော့ အကြောင်းရင်းရှာဖွေနေဆဲ ဖြစ်ပါတယ်။ ထူးခြားဖြစ်စဉ်ဖြစ်လို့ ကိုဗစ်ကပ်ရောဂါကို အလေးမထားဘဲ လာရောက်ကြည့်ရှုကြသူ တွေလည်း လူဦးရေ အနည်းဆုံး ၅၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒီမိကျောင်းကို တရုတ် ဒါမဟုတ် အိန္ဒိယကို တရားမဝင်ပို့တာကနေ လမ်းကြောပိတ်လို့ လာလွှတ်တာလည်း ဖြစ်နိုင်သလို အိမ်မှာမွေးထားတာကနေ အရွယ်ကြီးလာလို့ လာလွှတ်တာလည်း ဖြစ်နိုင်တယ်ဆိုပြီး ထင်ကြေးပြောဆိုကြတာတွေလည်း ရှိပါတယ်။  လတ်တလောမှာတော့ ကိုဗစ်ကြောင့် လူစုလူဝေးမဖြစ်ဖို့ လုံခြုံရေးတွေလည်း ချပြီး ဆောင်ရွက်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024