DVB Logo
Home
မြန်မာသတင်း
ယာဉ်လိုင်းများရပ်လိုက်သဖြင့် သတင်းစာဖြန့်ချိရေးလုပ်ငန်း ထိခိုက်နေ
DVB
·
September 11, 2020
ယာဉ်လိုင်းများရပ်လိုက်သဖြင့် သတင်းစာဖြန့်ချိရေးလုပ်ငန်း ထိခိုက်နေ
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် မော်တော်ယာဉ်လိုင်းတွေ ရပ်နားလိုက်တာကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ  ခရိုင်တွေ၊  မြို့နယ်တွေအတွက် နေ့စဉ်  သတင်းစာတွေ ဖြန့်ဝေပေးပို့နိုင်ခြင်းမရှိတော့ဘူး သတင်းစာဖြန့်သူတွေထံက သိရပါတယ်။ 

မြင်းခြံက သတင်းစာကိုယ်စားလှယ် ဦးပေါ်ဦးက “မြင်းခြံမြို့မှာလည်း  နေ့ချင်း သတင်းစာ မဖတ်ရပဲ မြင်းခြံကိုယ်စားလှယ်က စုသယ်နေတာကြောင့် စုပေါင်းဖတ်နေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သတင်းစာအကြွေးကျမှာ စိုးရိမ်တာကြောင့် သတင်းစာဖြန့်ချိရေးလုပ်ငန်း ယာယီရပ်နားထားတယ်လို့လည်းပြောပါတယ်။

နေ့စဉ် သတင်းစာဝယ်ဖတ်လေ့ရှိတဲ့ ပြင်ဦးလွင်က သတင်းထောက်တစ်ဦးကလည်း “ပြင်ဦးလွင်မြို့အတွက် သတင်းစာထုတ်တွေ ဝင်မလာနိုင်တော့တာကြောင့် အွန်လိုင်းကနေ သတင်းစာဖတ်နေရတယ်” လို့   ပြောပါတယ်။

ရန်ကုန်အပြင်  မန္တလေးအခြေစိုက် ကိုယ်ပွားသတင်းစာတိုက်ကနေလည်း နိုင်ငံပိုင် ကြေးမုံနဲ့  မြန်မာ့အလင်း သတင်းစာတွေသာမက ရတနာပုံ၊ မန္တလေးနေ့စဉ်နဲ့ မြဝတီသတင်းစာတွေလည်း ထုတ်လုပ် ဖြန့်ချိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကသတင်းစာ စံတော်ချိန်၊ မြန်မာတိုင်း(မ်) သတင်းစာတိုက်ခွဲတွေလည်း ရှိပြီး  မီးရထားလိုင်းတချို့က  ၆ လ လောက်ရပ် နားထားတာကြောင့် မီးရထားနဲ့ သတင်းစာ မပို့နိုင်ဘူးလို့ မန္တလေးကိုယ်ပွားတိုက်က သိရပါတယ်။

မြန်မာနိုင်ငံမှာ ခုလပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက် လာတဲ့အတွက် ရန်ကုန်မြို့မှာ ခရီးသွားလာတာတွေကို တာမြစ်ထားတဲ့အပြင် မန္တလေးအပါအဝင် မြို့တွေ အတော်များများကလည်း ရန်ကုန်ကလာတဲ့ မော်တော်ယာဉ်လိုင်းတွေကို လာခွင့် မပြုဘဲ ပိတ်ပင်ထားပါတယ်။

ကိုဗစ်-၁၉ ပထမလှိုင်း ဖြစ်ပွားခဲ့ချိန်ကလည်း မြန်မာပြည်တွင်း မြို့ပေါင်း ၁၀ မြို့ထက်မနည်း သတင်းစာဖြန့်ချိမှုတွေ ရပ်နားခဲ့ရတယ်လို့ သတင်းစာကိုယ်စားလှယ်တွေထံက သိရပါတယ်။

သတင်း- ဇာဇာမောင်(CJ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013