DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကျေးလက်ပြည်သူ ၃၅ ရာခိုင်နှုန်း နှစ်စဉ်အကြွေးတင်
DVB
·
June 25, 2013
မြန်မာ့ကျေးလက်ပြည်သူ ၃၅ ရာခိုင်နှုန်း နှစ်စဉ်အကြွေးတင်
Donate to DVB

မြန်မာနိုင်ငံ ကျေးလက်နေပြည်သူထဲက ၃၅ ရာခိုင်နှုန်းဟာ အစားအသောက်အတွက် နှစ်စဉ်အကြွေးတင်နေပြီး တနှစ်မှာ အနည်းဆုံး ၂ လက အစာရေစာရဖို့ မသေချာဘူးလို့ မီချီကန်တက္ကသိုလ် သုတေသနဌာနက ပြောပါတယ်။

သူတို့အဖွဲ့ဟာ လူသားရင်းမြစ်ဖွံ့ဖြိုးရေးဌာန (မြန်မာနိုင်ငံ) နဲ့ ပူးပေါင်းသုတေသနပြုပြီး ဇွန် ၂၄ ရက်နေ့က ထုတ်ပြန်လိုက်တာလို့ ခုမ်းချတ်လိုတ် ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။

သုတေသနပြုချက်တွေအရ မြန်မာနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၆၀ ကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေပြည်သူတွေ   ဖြစ်ကြကြောင်း၊ သူတို့ထဲက တ၀က်ကျော်ဟာ မြေယာမဲ့သူတွေဖြစ်ပြီး စားဝတ်နေရေးပြဿနာ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါဟာ အစိုးရရဲ့ တရားမျှတမှုမရှိတဲ့  မြေယာစီမံခန့်ခွဲရေး၊ ကမ္ဘာ့ပြုပြင်ပြောင်းလဲမှုအခြေအနေ၊ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် စိုက်ပျိုးသီးနှံ မဖြစ်ထွန်းတာ၊ ခရီးသွားလာရေးစရိတ်ကြီးမြင့်တာ၊ ဒေသဆိုင်ရာ ငွေကြေးထောက်ပံ့မှုတွေ မရရှိတာကြောင့် ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ အစိုးရရဲ့ စီမံချက်အားနည်းခြင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု လွန်ကဲခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးမှု လက်လှမ်းမမီခြင်း စတဲ့အချက်တွေကလည်း ကျေးလက်နေပြည်သူတွေကို ပိုပြီးပြဿနာအခက်အခဲတွေ့စေတယ်လို့ သုတေသနအဖွဲ့က ပြောပါတယ်။

ကျေးလက်တောရွာက ကျောင်းနေအရွယ် ကလေးတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပညာတပိုင်းတစနဲ့ ကျောင်းထွက်ရတာ ရှိတဲ့အတွက်   တောင်သူလယ်သမားတွေကို မဖြစ်မနေ ကူညီထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ သုတေသနအဖွဲ့က အကြံပြုထားပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး ဆင်းရဲမွဲတေမှု ၃၂ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပြီလို့ အစိုးရက ပြောပေမယ့် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ပင်လယ်ကမ်းခြေဒေသတွေက ကျေးလက်နေသူတွေဟာ မြို့နေလူတန်းစားထက် ၂ ဆ ပိုဆင်းရဲတယ်လို့ ဆိုပါတယ်။မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလပိုင်းက ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို နိုင်ငံတော်အဆင့်နဲ့ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013