DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ဆေးရုံက ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၃ ဦး ကွာရန်တင်းဝင်  
DVB
·
September 10, 2020
မော်လမြိုင်ဆေးရုံက ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၃ ဦး ကွာရန်တင်းဝင်  
Donate to DVB

မော်လမြိုင်မြို့မှာ သေဆုံးသွားတဲ့ ကိုဗစ်-၁၉ လူနာဟာ ရန်ကုန်ကိုသွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်ကို ကြိုတင်ဖွင့်မပြောခဲ့လို့ မော်လမြိုင်ပြည်သူ့ဆေးရုံက ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၃ ဦးကို quarantine  စင်တာပို့ဆောင်လိုက်ရပါတယ်။ 

မော်လမြိုင်မှာ စက်တင်ဘာ ၈ ရက်က ကိုဗစ်-၁၉ လူနာ အသစ် ၂ ဦး ထပ်မံ တွေ့ရှိခဲ့တာပါ။ အဲဒီလူနာ ၂ ဦးအနက် သေဆုံးသူ အမျိုးသားနဲ့ သူ့ရဲ့ ဇနီးတို့ဟာ စက်တင်ဘာ ၂ ရက်မှာ ရန်ကုန်မြို့က နာရေးတစ်ခုကို သွားထားခဲ့ပြီး ရန်ကုန်နေ ကိုဗစ်လူနာ အမှတ် ၁၁၄၄ နဲ့ ထိတွေ့ထားခဲ့တာပါ။

ရန်ကုန်က ပြန်လာပြီးနောက် ဆီးချိုနဲ့ သွေးတိုးရောဂါအခံကြောင့် စက်တင်ဘာ ၇ ရက်မှာ အရေးပေါ်ဖြစ်လို့ မော်လမြိုင်ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ ကုသခဲ့ပြီးနောက် သေဆုံးသွားခဲ့တာပါ။ သူ မသေဆုံးခင်မှာ စောင့်ကြည့်ကုသပေးခဲ့တဲ့ ဆရာဝန် အပါအဝင် ကျန်းမာရေး ဝန်ထမ်း ၁၃ ဦးကို quarantine စင်တာ ပို့ဆောင်လိုက်ရပြီး ဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ်ကာလမှာ ကျန်းမာရေးယန္တရား မယိုင်လဲအောင် ခရီးသွားရာဇဝင်ကို ပွင့်ပွင်းလင်းလင်းပြောပေးကြဖို့ မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက မေတ္တာရပ်ခံလိုက်ပါတယ်။

သေဆုံးခဲ့တဲ့ ကိုဗစ်လူနာဟာ ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူ ဖြစ်ပြီး ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် အသက်ရှူမ်းကြောင်း ရုတ်တရက် ပျက်စီးကာ ရောဂါနဲ့သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ ဒီလူနာ ထိတွေ့ခဲ့တဲ့သူတွေကို quarantine သို့ ပို့ဆောင်နေပြီး လူနာကိုလည်း ညတွင်းချင်း မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးအောင်က ပြောပါတယ်။

သေဆုံးခဲ့တဲ့ ကိုဗစ်လူနာဟာ မသေးဆုံမီ ရက်ပိုင်းကလည်း မော်လမြိုင်က ဆေးခန်း ၂ ခုမှာ ဆေးခန်းသွားပြထားတာပါ။ 

လက်ရှိမှာတော့ သူပြခဲ့တဲ့ မော်လမြိုင်က ဆေးခန်း ၂ ခုကို lockdown ပြုလုပ်ခဲ့သလို မော်လမြိုင်မြို့ပေါ် ရပ်ကွက် ၂ ခု ဖြစ်တဲ့ ရွှေတောင်နဲ့ ဖက်တန်းရပ်ကွက်တို့ကိုလည်း နေအိမ်အတွင်းနေထိုင်ဖို့ Stay at Home ထပ်တိုး ထုတ်ပြန်လိုက်ပါတယ်။ 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကိုဗစ်-၁၉ လူနာအသစ် ၄ ဦး ထပ်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်နေ့ ညပိုင်း ထုတ်ပြန်ထားပါတယ်။

အသစ်ထပ်တွေ့တဲ့ ကိုဗစ်လူနာ ၄ ဦးအနက်  ၃ ဦးဟာ ရန်ကုန်မြို့နေ သင်္ဘောသား  ၁ ဦးဖြစ်တဲ့ ကိုဗစ်လူနာအမှတ် ၇၇၁ ကနေ ကူးစက်ခံထားရတဲ့ ကိုဗစ်လူနာအမှတ် ၉၁၆ ကတဆင့် ကူးစက်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။

သူတို့ ၃ ဦးဟာ မော်လမြိုင် အောက်ကျင်းရပ်ကွက်နေသူတွေ ဖြစ်ပြီး မော်လမြိုင် တက္ကသိုလ် ၁၀ မြို့နယ် အဆောင်မှာ အသွားအလာကန့်သတ်ထားတာပါ။ အသစ်ထပ်တွေ့တဲ့ လူနာ ၄ ဦးထဲက  ကျန် ၁ ဦးကတော့ မော်လမြိုင်က သေဆုံးသွားတဲ့ ကိုဗစ်လူနာအမှတ် ၁၆၂၉ ရဲ့ နေအိမ် အပေါ်ထပ်မှာ နေထိုင်သူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကိုလိုက်ရှာဖွေပြီး  quarantine ကို ပို့ဆောင်နေတာပါ။ မွန်ပြည်နယ်မှာတော့ အခုအခါ ကိုဗစ်-၁၉ လူနာ  ၂၁ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ၁ ဦး သေဆုံးထားတာပါ။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013