DVB Logo
Home
မြန်မာသတင်း
စာနယ်ဇင်း၊ မီဒီယာ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် လုပ်ငန်းများအတွက် ချေးငွေထုတ်ချေးမည် 
DVB
·
September 10, 2020
စာနယ်ဇင်း၊ မီဒီယာ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် လုပ်ငန်းများအတွက် ချေးငွေထုတ်ချေးမည် 
Donate to DVB

စာနယ်ဇင်းနဲ့ မီဒီယာလုပ်ငန်းအပါအဝင် ရုပ်ရှင်၊ ဂီတ၊ သဘင် လုပ်ငန်းတွေကို ချေးငွေထုတ်ချေးပေးဖို့ စက်တင်ဘာလ ၉ ရက်က အွန်လိုင်းကနေကျင်းပတဲ့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

အစည်းအဝေးမှာ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာလုပ်ငန်းတွေအတွက် သီးခြားအစီအစဉ်နဲ့ ချေးငွေထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ အပါအဝင် ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ပြောင်းလဲဖြစ်ပေါ်လာတဲ့ စီးပွားရေး ဆိုင်ရာ သက်ရောက်မှုအပေါ် ကုစားဆောင်ရွက်နိုင်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက အခွန်ဆိုင်ရာ ဖြေလျော့မှုတွေအနေနဲ့  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၃ လတစ်ကြိမ် ပေးဆောင်ရမယ့် ဝင်ငွေခွန်နဲ့ လစဉ်ပေးဆောင်ရမယ့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို  ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့် ဆောင်ရွက်ပေးသွားမှာဖြစ်သလို နိုင်ငံ့ဝန်ထမ်းတွေအတွက် လစာနှစ်လစာ အတိုးမဲ့ကြိုတင်ချေးငွေကို ဆိုင်းငံ့ကာလ ၆ လ၊ ပြန်လည်ပေးဆပ်ရမယ့် ကာလတစ်နှစ် သတ်မှတ်ပြီး အောက်တိုဘာလမှ စတင်ထုတ်ချေးပေးဖို့ စီစဉ်ထားတယ်လို့ ဆွေးနွေးပွဲမှာ ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း နိုင်ငံတော်က ဝင်ငွေနည်းအိမ်ထောင်စုတွေကို ပထမအကြိမ် ထောက်ပံ့ကြေး ကျပ် ၇၁.၁၀၃ ဘီလီယံ၊ ဒုတိယအကြိမ် ကျပ် ၂၁၈ ဒသမ ၁၁၂ ဘီလီယံ၊ တတိယအကြိမ် ကျပ် ၁၁၃ ဒသမ ၅၃၅ ဘီလီယံ ကူညီထောက်ပဲ့ပေးခဲ့တယ်လို့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး  သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက် ထောက်ပံ့ငွေ  ကျပ် ၉၂ ဒသမ ၆၁၂ ဘီလီယံ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ စစ်ဘေးရှောင်နဲ့ မသန်စွမ်း ပုဂ္ဂိုလ်တွေအတွက် ထောက်ပံ့ငွေ ကျပ် ၃၅ ဒသမ ၉၂၃ ဘီလီယံ ပေးအပ်ခဲ့သလို ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  အသုံးပြုဖို့ ကျပ် ၂၆၇ ဒသမ ၉၀၃ ဘီလီယံ ကူညီပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေအတွက်လည်း  ထုတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံ၊ အသေးစားချေးငွေလုပ်ငန်းတွေကို ထုတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံ၊ COVID-19 Fund က ထုတ်ချေးငွေ ကျပ် ၂၀၀ ဘီလီယံ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူတွေကို ထုတ်ချေးငွေ ကျပ် ၆၀၀ ဘီလီယံ၊ အခုနှစ် ဧပြီ၊ မေနဲ့ ဇွန်လတွေအတွက် လျှပ်စစ်ဓာတ်အားခ ထောက်ပံ့ငွေ ကျပ် ၁၀၇ ဒသမ ၃၇၉ ဘီလီယံနဲ့ တနင်္သာရီတိုင်းက ပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အားခ ထောက်ပံ့ငွေ ကျပ် ၁ ဒသမ ၅၁၈ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလီယံ ထောက်ပံ့ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ 

အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဦးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013