DVB Logo
Home
မြန်မာသတင်း
မက်စ်မြန်မာ သိမ်းထားသည့် လယ်ဧက ၅၀ ကျော် ၁၀ ရက်အတွင်း ပြန်ပေးမည်
DVB
·
June 24, 2013
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမှာ မက်စ်မြန်မာကုမ္ပဏီက သိမ်းထားတဲ့ လယ်မြေဧက ၅၀ ကျော်ကို တပတ်ဆယ်ရက်အတွင်း မူလပိုင်ရှင်တွေထံ ပြန်ပေးဖို့ စီစဉ်နေပြီလို့ တိုင်းမြေစာရင်းမှူးက ပြောပါတယ်။

ချောင်းသာမှာ မက်စ်မြန်မာကုမ္ပဏီက သိမ်းထားတဲ့ လယ်ဧက ၅၀ ကျော်ကို ကုမ္ပဏီက  ပြန်လွှဲပေးခဲ့ပြီးဖြစ်ကြောင်း၊ လယ်သမားတွေကို ပြန်ပေးဖို့ စီစဉ်နေကြောင်း တိုင်းမြေစာရင်းဌာနက ပြောပါတယ်။

မက်စ်မြန်မာက ပြန်ပေးတဲ့ လယ်မြေဧက ၅၄ ဧကဟာ လယ်ယာမြေပိုင်ဆိုင်မှုဥပဒေအရ ၁၉၉၁-၉၂ ခုနှစ်မှာ ပုစွန်ကန်အဖြစ် ချထားပေးခဲ့တဲ့ မြေတွေဖြစ်နေတယ်လို့ ဧရာဝတီတိုင်း မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်ဌေးက ပြောပါတယ်။

မူလပိုင်ရှင် လယ်သမားတွေဆီ ဒီလယ်မြေတွေပြန်ချပေးဖို့ စိစစ်တဲ့အခါ ကျုးကျော်နေထိုင်သူတွေ တွေ့ရတဲ့အတွက် ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ပြီး အမြန်ဆုံးပြန်ချပေးဖို့ လုပ်နေတယ်လို့ ပြောပါတယ်။

“လာမယ့် တပတ်၊ ၁၀ ရက်အတွင်း အကုန်ပြန်ပေးနိုင်အောင် လုပ်နေပါတယ်။ ဥပဒေကြောင်းအရ လန ၃၉ ပယ်ဖျက်ပေးတဲ့ကိစ္စတွေ၊ ရုံးလုပ်နည်းလုပ်ငန်းပိုင်းတွေလည်း ဆောင်ရွက်ပေးပါမယ်။ အပြီးသတ်ဆောင်ရွက်ပေးမယ်။ အလားတူ တောင်သူလယ်သမားတွေကို မူလပိုင်တွေကိုလည်း မြေစာရင်းဌာနအနေနဲ့ အားလုံးစိစစ်ပေးပြီးသားပါ။ လယ်သမားတွေ လက်ဝယ် ပြန်ရအောင် အကုန် တောင်သူတဦးချင်းစီရဲ့ လုပ်ပိုင်ခွင့်ကိစ္စတွေလည်း မြေပုံနဲ့ စာရင်းနဲ့ အားလုံး စိစစ်ပြီးပြီ။ ”

ပုသိမ်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း ချောင်းသာက လယ်သမားတွေ လက်ထဲ လယ်ယာမြေတွေ အမြန်ဆုံးပြန်ရရေး တိုက်တွန်းထားတယ်လို့ ပြောပါတယ်။“မက်စ်ဇော်ဇော်ဆိုရင် ဧက ၅၀ ကျော် ၂၁ ဦးကို ပြန်ချပေးပြီးပြီ။ စာနဲ့ပေနဲ့ လယ်ယာမြေကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွဋ်ကလည်း မိတ္တူကို ကာယကံရှင်တွေကိုပေးတယ်၊ မူရင်းကို တိုင်းဝန်ကြီးချုပ်ကို ကျနော့်ရှေ့တင် ပြီးခဲ့တဲ့လ ၆ ရက်နေ့က ပေးတယ်။ ဒါပေမယ့် အခုအချိန်ထိ လယ်သမားတွေက မရကြသေးဘူး။ ဘယ်လိုဖြစ်လဲတော့ မသိဘူး၊ မြန်မြန်ချပေးစေချင်တယ်။ မိုးမကျခင်၊ ကျဆဲ စိုက်ပျိုးချိန်တွေရှိတယ်လေ။ အမြန်ချပေးဖို့ ကျနော်လည်း တိုက်တွန်းပြောထားတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013