DVB Logo
Home
မြန်မာသတင်း
၃၉ နှစ်ပြည့် နေတိုးမွေးနေ့ ရခိုင်အိမ်ထောင်စု ၃၉ စုကို အခြေခံစားသောက်ကုန်များလှူဒါန်း
DVB
·
September 10, 2020
၃၉ နှစ်ပြည့် နေတိုးမွေးနေ့ ရခိုင်အိမ်ထောင်စု ၃၉ စုကို အခြေခံစားသောက်ကုန်များလှူဒါန်း
1 / 4
Donate to DVB

       စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်တဲ့ သရုပ်ဆောင်မင်းသား နေတိုးရဲ့ ၃၉ နှစ်ပြည့် မွေးနေ့အလှူအဖြစ် ရခိုင်ပြည်နယ်က အခြေခံပြည်သူ အိမ်ထောင်စု ၃၉ စုအတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့ပါတယ်။

       ကိုဗစ်-၁၉ ကပ်ဘေး အကြပ်အတည်းကာလ ရခိုင်ပြည်နယ်အတွက် ခုလို ထောက် ပံ့ကူညီမှုမှာတော့ အိမ်ထောင်စုတစုစီအတွက် ကျပ် ၂၅,၀၀၀ ကျသင့်တဲ့ အခြေခံစား သောက်ကုန် ၁၈ မျိုးစီကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အလိုတော်ပြည့် ကျောင်းတိုက် အသျှင်ကုမာရထံမှတဆင့် ပေးအပ်လှူဒါန်းခဲ့တာပါ။

       ဒီအလှူအကြောင်းကို နေတိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် “ကု သိုလ်အမျှရကြပါ​စေ” လို့ ရေးသားမျှဝေထားပါတယ်။

       အသက် ၃၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ နေတိုးဟာ ရခိုင်တိုင်းရင်းသားအနုပညာရှင် တယောက်ဖြစ်ပြီး ၁၉၉၉ ခုနှစ်လောက်က စတင်ကာ အနုပညာလောကထဲ မော်ဒယ်တယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

       သရုပ်ဆောင်အနုပညာအပြင် ဂီတကိုလည်း ဝါသနာပါသူ နေတိုးဟာ ၂၀၀၀ ပြည့်နှစ်မှာ တေးအဘ်လ်ဘမ်တချပ်ထွက်ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ မြူးဇစ်ဗွီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ရုပ်ရှင်နဲ့ ဗွီဒီယို ဇာတ်ကားတွေမှာ ဆက်လက်သရုပ်ဆောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံး ဗွီဒီယိုကတော့ ၂၀၀၁ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “သုံးပတ်” ဗွီဒီယို ဇာတ်ကားဖြစ်ကာ နောက်ပိုင်း ၂၀၀၅ ခုနှစ်မှာ ဒါရိုက်တာ မီးပွားရိုက်ကူးပြီး ဇာဂနာ၊ စိုင်း စိုင်းခမ်းလှိုင်၊ မျိုးစန္ဒီကျော်တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ “မင်္ဂလာပါ”၊ ၂၀၀၆ ခုနှစ်မှာ ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးပြီး လူမင်း၊ နဝရတ်တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ “ပန်းပျိုးသူတို့ အလင်္ကာ”ရုပ်ရှင်တွေကတော့ နေတိုးရဲ့ ရုပ်ရှင်ခြေလှမ်းအစ ဇာတ်ကားတွေ ဖြစ်ခဲ့ပါတယ်။

နောက်ပြီးတော့ နေတိုးဟာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)စီစဉ်ပြီး သရုပ်ဆောင် ထွန်းထွန်း၊ မိုးမိုး၊ ရဲလေး၊ ကျော်ကျော်ဗိုတို့နဲ့အတူ “ထာဝရနှင်းဆီ” အငြိမ့်မှာ လူရွှင်တော် တယောက်အနေနဲ့ ၂၀၀၇ ခုနှစ်ကတည်းက လက်ရှိအချိန်ထိ ပါဝင်လှုပ်ရှားနေတာပါ။

လက်ရှိမှာတော့ နေတိုးဟာ သရုပ်ဆောင်ကြေး အမြင့်ဆုံးရရှိတဲ့ မင်းသားတလက် ဖြစ်နေခဲ့ပြီဖြစ်ကာ ၂၀၁၁ ခုနှစ်အတွက် “မိုးညအိပ်မက်မြူ”ရုပ်ရှင်၊ ၂၀၁၆ ခုနှစ်အတွက် “နက္ခတ်မှားတဲ့တိုက်ပွဲ”ရုပ်ရှင်၊ ၂၀၁၈ ခုနှစ်အတွက် “တာတေကြီး”ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်အကယ်ဒမီထူးချွန်ဆု ၃ ဆု ဆွတ်ခူးရရှိထားပါတယ်။

နေတိုးဟာ အလှူအတန်းရက်ရောတဲ့ သရုပ်ဆောင်မင်းသားတယောက်ဖြစ်ပြီး သိပ်မကြာခင်ကလည်း သက်ကြီးလူရွှင်တော်တွေအတွက် ငွေကျပ် ၁၀ သိန်း၊ ဖားကန့်မှာ ထိခိုက်သေဆုံးခဲ့သူများအတွက် ပရဟိတ ဈေးရောင်းပွဲတော်ကို ငွေကျပ် ၁၀ သိန်း၊ ကွယ် လွန်ခဲ့ပြီဖြစ်တဲ့ ညီဖြစ်သူ မင်းသွေးအတွက် ရည်စူးကာ ရခိုင်စစ်ရှောင်တွေအတွက် တဲအိမ် ၁၅ လုံး၊ ခီမောင်နှံပရဟိတအဖွဲ့က ဦးဆောင်နေတဲ့ ကိုဗစ်ကာလ ချို့တဲ့နွမ်းပါးသူ တွေအတွက် Free Cash Program for the Needy (FCPN) ပရဟိတအဖွဲ့ဆီ ငွေကျပ် သိန်း ၃၀ လည်း လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013