DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအလုပ်သမားများ ဆန္ဒပြ
DVB
·
June 24, 2013
ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအလုပ်သမားများ ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသမှာရှိတဲ့ CPF ပင်လယ်ရေထွက် စား သောက်ကုန်ထုတ် လုပ်တဲ့စက်ရုံက အလုပ်သမားတွေ မနေ့က သူတို့ရဲ့ရပိုင်ခွင့်အတွက် တောင်း ဆိုဆန္ဒပြခဲ့ကြပြီးနောက် ဒီကနေ့ ညှိနှိုင်းရာမှာ ပြေလည်မှု ရရှိခဲ့ပါတယ်။

[caption id="attachment_31306" align="alignright" width="300" caption="မဟာချိုင်ဒေသရှိ ငါးလုပ်ငန်းခွင်တခု"][/caption]

ဒီစက်ရုံက အသက်ရွယ်ကြီးသူ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ထိုင်းစကားမတတ်တဲ့ မြန်မာလုပ် သမား ၁၀၀ ကျော်ကို အလုပ်ဖြုတ်ဖို့ အလုပ်ရှင်က အသိပေးစာကပ်တာကို မကျေနပ်လို့ အလုပ်သား ၃၀၀ လောက် ဆန္ဒပြခဲ့ကြတာပါ။

အလုပ်သမားတွေဟာ အကြောင်းမဲ့အလုပ်ဖြုတ်တာကိုရပ်ပြီး ပြန်ခန့်ဖို့အပါအ၀င် အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (HRDF) အဖွဲ့ဝင် ဦးတိုးက ပြောပါတယ်။

“အလုပ်သမားတွေက အချက် ၃ ချက်နဲ့ တောင်းဆိုတယ်။ နံပါတ်တစ် အကြောင်းမဲ့၊ အပြစ်မဲ့ အလုပ်သမားတွေကို ထုတ်တာ ရပ်ဆိုင်းဖို့နဲ့ ပြန်ခန့်ဖို့ တောင်းဆိုတယ်။ နံပါတ် ၂ အလုပ်ကို တပတ်ကို ၃ ရက် ပိတ်နေတယ်၊ အမှန်က တပတ်ကို ၁ ရက်ပိတ်ရမှာလေ။ ၃ ရက်ပိတ်တော့ ကျန်တဲ့ ၂ ရက်ကို လစာတောင်းတယ်။ နံပါတ် ၃ က အလုပ်တွေဝင်၊ လျှောက်ရင် ကိုယ်တိုင်လျှောက်ခွင့်မရဘူး။ ကြားရုံးကတဆင့် လျှောက်ရတယ်။ အလုပ်လျှောက်ရင် ငွေကုန်ကြေးကျ တအားများကြတယ်။ အလုပ်ပါမစ်ဖိုးတွေ။ အဲဒါကို ကုမ္ပဏီနဲ့တိုက်ရိုက်ဆက်သွယ်ပြီး အလုပ်သမားခေါ်ယူဖို့တွေ တောင်းဆိုတယ်။”

အလုပ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး အလုပ်သမားခေါင်းဆောင်တွေ၊ မြန်မာသံရုံးက အလုပ်သမားကြီးကြပ် ကူညီစောင့်လျှောက်ရေးအဖွဲ့က ဦးကျော်ကျော်လွင်၊ ထိုင်းအလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံးက အဖွဲ့ဝင်တချို့နဲ့ မဟာချိုင်အခြေစိုက် မြန်မာအလုပ်သမားအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ဒီနေ့ စက်ရုံကို သွားရောက်ညှိနှိုင်းတဲ့ အတွက် အလုပ်ရှင်ဘက်က တောင်းဆိုချက်ကို လိုက်လျောပေးခဲ့တာလို့ ဦးတိုးက ပြောပါတယ်။

“အလုပ်ရုံက သဘောတူလိုက်တာက အလုပ်ထုတ်လိုက်သူတွေ အကုန်ပြန်ခန့်တယ်။ အကြောင်း ၃ ချက်နဲ့ထုတ်တာ၊ အသက်ကြီးသူတွေ၊ ကိုယ်ဝန်သည်တွေနဲ့ ထိုင်းစကားမတတ်တဲ့ အလုပ်သမားတွေလေ အဲဒါတွေ အကုန်ပြန်ခန့်တယ်။ နံပါတ် ၂ တောင်းတဲ့ လစာကို ပေးမယ်လို့တော့ အာမ မခံသေးဘူး။ စီပီကုမ္ပဏီနဲ့ ညှိနှိုင်းဖြေရှင်းမယ်လို့တော့ ကတိခံထားတယ်။ နံပါတ် ၃ အလုပ်သမားတွေကို ကုမ္ပဏီကနေပဲ တိုက်ရိုက်ဖြေရှင်းဖို့ကိစ္စလည်း လိုက်လျောပေးတယ်။”

CPF ပင်လယ်ရေထွက်စားသောက်ကုန် ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်သမား ၃၀၀၀ လောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အခုလို အလုပ်သမားတွေကို အကြောင်းမဲ့ အလုပ်ဖြုတ်တာတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။

အလုပ်ရှာပေးတဲ့ ပွဲစားတွေကလည်း အကျိုးအမြတ်ရစေဖို့ လက်ရှိအလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်ပြီး အလုပ်သမားအသစ်တွေ အစားထိုးခန့်တာတွေ လုပ်လေ့ရှိတယ်လို့ မြန်မာအလုပ်သမားတွေကို သွားရောက်ကူညီရာမှာ ပါဝင်တဲ့ ဆရာတော် ဦးဇောတိက က မိန့်ပါတယ်။မဟာချိုင်ဒေသမှာ မြန်မာအလုပ်သမား ၁ သိန်းကျော် အလုပ်လုပ်ကိုင်နေတယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013