DVB Logo
Home
မြန်မာသတင်း
သမ္မတရုံးအရာရှိ ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ 
DVB
·
September 9, 2020
သမ္မတရုံးအရာရှိ ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ 
Donate to DVB

သမ္မတအိမ်တော် သတင်းနှင့်ပြန်ကြားရေးအဖွဲ့ သမ္မတရုံးလက်ထောက်ညွှန်ကြားရေးမှူး  ဦးညီညီထွန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတယ်လို့  နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာမြတ်ဝဏ္ဏစိုးက ဒီဗွီဘီကို  အတည်ပြုပြောပါတယ်။ 

စက်တင်ဘာ ၇ ရက်နေ့မှာ ပုံမှန်ဆေးစစ်တဲ့အချိန်မှာ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပြီး ရောဂါလက္ခဏာနဲ့ပတ်သက်လို့ ခံစားခဲ့ရတာမရှိကြောင်းနဲ့ လက်ရှိမှာတော့ ဆေးရုံတင်ထားပြီး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာပေါင်း  ၁၈၀၇ ယောက်ရှိပြီး ရောဂါပိုးပျောက်ကင်းလို့  ဆေးရုံကဆင်းသွားခဲ့သူ ၄၆၀ ယောက်နဲ့ သေဆုံးသွားသူ  ၁၂ ယောက်ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013