DVB Logo
Home
မြန်မာသတင်း
ကာချုပ်ရုံးစိုက်ရာ တပ်နယ်မြေ ဇေယျာသီရိမြို့နယ်၌ အန်အယ်လ်ဒီ မဲဆွယ်စည်းရုံး
DVB
·
September 9, 2020
ကာချုပ်ရုံးစိုက်ရာ တပ်နယ်မြေ ဇေယျာသီရိမြို့နယ်၌ အန်အယ်လ်ဒီ မဲဆွယ်စည်းရုံး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအနေနဲ့ အရင်က ရွေးကောက်ပွဲတစ်လျှောက်  အနိုင်ရရှိခဲ့ဖူးခြင်းမရှိသေးတဲ့ တပ်နယ်မြေ ဇေယျာသီရိမဲဆန္ဒနယ်မှာ မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။  

ပြည်ထောင်စုနယ်မြေ နေပြည်တော်က ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တည်ရှိရာနေရာဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် တပ်မတော်သားတွေ၊ တပ်မတော်သားမိသားစုဝင်တွေ မဲပေးမယ့် နေရာလည်း ဖြစ်ပါတယ်။ 

၂၀၁၀  ရွေးကောက်ပွဲမဝင်ခဲ့တဲ့ အန်အယ်လ်ဒီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဇေယျာသီရိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ  ကြံ့ခိုင်ရေး ကိုယ်စားလှယ်ကို အနိုင်မရခဲ့ပါဘူး။ 

အခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ဇေယျာသီရိ မဲဆန္ဒနယ်ကို  ကိုယ်စားလှယ်လောင်း အပြောင်းအလဲလုပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒေါက်တာမိုးဆွေအနေနဲ့ ဇေယျာသီရိမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာမှာ အတိုက်အခံ ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ အဓိက ယှဉ်ပြိုင်သွားရမှာပါ။ 

ကြံ့ခိုင်ရေးပါတီကတော့ မဲဆွယ်စည်းရုံးတာတွေကို စက်တင်ဘာ ၈ ရက်မှာ ဆောင်ရွက်ခြင်း မရှိသေးဘဲ ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့မှာ စတင်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။  ကြံ့ခိုင်ရေးနှစ်ကြိမ်ဆက်အနိုင်ရထားတဲ့နေရာမှာ တစ်ကြိမ်တစ်ခါလောက် အခွင့်အရေးပေးကြည့်ဖို့ အတွက်ကိုလည်း ဇေယျာသီရိမဲဆန္ဒနယ်ရှင်တွေကို ဒေါက်တာမိုးဆွေက မေတ္တာရပ်ခံခဲ့ပါတယ်။

ဇေယျာသီရိမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာအတွက်ကို အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးအပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (ယူဘီပီ)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေပါတီ တို့က ဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။ 

သတင်း - ဖြိုးသက်ပိုင်မြင့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013